Chapter-5(ကုတင်ပေါ်မှာစောင့်နေ)

16K 2.4K 37
                                    

:) အမလေး ကပ်ပရှင်ကြီးက ဆာလိုက်တာ🌚🌚

Unicode🧛‍♂️🧛‍♂️

"ဟေ့..ခန..! ခန! ခနနေပါဆို! ချီးပဲ! ခင်ဗျားကျွန်တော့်ဆီက ဘာလိုချင်နေတာလဲ"  ဖေးစစ်ရန်​ကြောင့် ​ကြောက်ရွံ့သွားကား ကျန်းရှန် မျက်နှတစ်ခုလုံးဖြူဖတ်ဖြူရော်ဖြစ်နေတာ့သည်။

'ရား! ငါဘာလို့ ဒီလိုခန္ဓာကိုယ်ထဲမှာလူဝင်စားနေရတာလဲ? ငါ့ချည်းပဲ ဘာလို့ခံနေရမှာလဲဟ'

ကျန်းရှန် အကူအညီမဲ့သလိုခံစားနေရသည်။ သူ့မှာရိှသမျှအားဖြင့် တွန်းကန်အားပြုပေမဲ့ ဖေးစစ်ရန်ရဲ့ထိန်းချုပ်မှုအောက်မှ မလွတ်မြောက်နိုင်ပေ။

"မင်းငါ့ကို မပြောသေးဘူးပေါ့လေ"  ဖေးစစ်ရန်က လှောက်ပြုံးပြုံးကာ ဆိုလိုက်သည်။ သူ့ဆီမှ ပျံ့လွင့်လာတဲ့ ဒေါသတွေက အပူချိန်မြင့်တက်လာသည့်အတိုင်းပင်

'ဘုရားသခင်! ဒီလူနောက်နေတာမဟုတ်ဘူးပဲ..အတည်ကြီးကိုပြောနေတာ... မထူးတော့ပါဘူး ငါ့ရဲ့ ဝှက်ဖဲ သုံးရတော့မဲ့အချိန်ရောက်ပြီ'

ကျန်းရှန် အသက်ကိုပြင်းပြင်းရှူကာ အော်လိုက်သည်
"ကောင်းပြီ ခင်ဗျားကို ပွင့်ပွင့်လင်းလင်းပြောပြမယ်.. တကယ်တမ်းတော့... ကျွန်တော့်မှာ သွေးလိပ်ခေါင်းရောဂါ ရိှပြီးတော့ အဲ့ရောဂါက ကျွန်တော့်ကို တော်တော်စိတ်အနှောင့်အယှက်ပေးတယ်..အဲ့တော့ အကူညီပေးတဲ့အနေနဲ့  ကျွန်တော့်ကိုလွှတ်ပေးပါနော် သခင်ကြီး.."

ကျန်းရှန် အပြုံးတုတစ်ခု ဖန်တီးကာ ဖေးစစ်ရန်အား ပြုံးပြလိုက်သည်။ ကမောက်ကမနိုင်မှုနှင့် ခယမြှောက်ပင့်တောင်းပန်ခြင်းတို့က သူ့မျက်နှာပေါ်ရိှလျက်။

ဖေးစစ်ရန် တခနတာ တွေဝေသွားမိသည်။ တခါမှ ဒီလုနည်းနဲ့ ရှောင်လွှဲခြင်းကို သူ မခံဖူးသေး။ တကယ်တမ်းဆို ကျန်းရှန်အပေါ် သူကြမ်းတမ်းစွာပြောဆိုလိုက်ရင် ကျန်းရှန်က သူ့ကိုယ်သူ ဘယ်သူဖြစ်ကြောင်း ​ပြောပြီး သူ့ကိုဘယ်သူတွေ ပို့ပေးလိုက်ကြောင်းလဲ ဝန်ခံမှာအသေအချာပင်။

"ဟားဟားဟား... အမလေး ရယ်ရလွန်းလို့ အူတွေတောင်နာ​တယ်.. ကျန်းရှောင်က လူရွှင်တော်များလား.. ဒါမှမဟုတ်တစ်ခုခုများလား? သွေးလိပ်ခေါင်းရောဂါ? ဟားဟားဟား.. ဒါလည်းအကြောင်းပြချက်ကောင်းပဲ.. ငါသေတော့မယ် ရယ်တာမရပ်နိုင်တော့ဘူး.."

Rebirth:တစ်ခြားကမ္ဘာမှအချစ်ခံအရုပ်ကောင်လေး(MM Translation)Where stories live. Discover now