Unicode ❤️❤️
(ကျန်းရှန်ပြဿနာတစ်ခုဖန်တီးခြင်း)
"ဒီမှါ.. ခင်ဗျား ကျွန်တော်ကို အခု လွှတ်ပေးပါလား?နာနေပြီ!"
သူတို့ တစ်ယောက်ကို တစ်ယောက်ဖက်ထားသည်မှာ တစ်မိနစ်ကျော်ကြာမြင့်သွားပြီ ဖေးစစ်ရန်ဘက်မှ သူ့အား လွှတ်ပေးတော့မည့်အရိပ်အယောင်မမြင်ရတာကြောင့် ကျန်းရှန် လှုပ်ရှားရန် ကြိုးစားလိုက်ပြီး ဖေးစစ်ရန်အား အသံခပ်တိုးတိုးဖြင့် အသိပေးလိုက်သည်။
"တောင်းပန်ပါတယ်"
ဖေးစစ်ရန် မျက်ရည်များအား အလျင်အမြန်သုတ်လိုက်ကာ ကျန်းရှန်အား လွှတ်လိုက်သည်။
"ရပါတယ် ဒါပေမဲ့ နောက်တစ်ခါ ကျွန်တော့်ကို တင်းနေအောင်မဖက်နဲ့"
ဒါကလည်း ဖေးစစ်ရန် ဝမ်းနည်းနေတာကို သူမမြင်ချင်တာကြောင့် သူ့ရဲ့ ဖက်တွာ်မှုအား ကျန်းရှန် ငြင်းဆန်ခြင်းမပြုခဲ့ခြင်းဖြစ်သည်။
"အင်း.. ကျွန်တော် အရင်အိပ်နှင့်ပြီ"
ကျန်းရှန်ပုံစံသည် အနဲငယ် မူမမှန်ပေ။ သူ့ခေါင်းသူ ကုတ်ကာ အိပ်ယာပေါ် ပထမဉီးစွာ လဲလျောင်းလိုက်သည်။ သူ့နှလုံးသားတစ်ခုလုံးက အရိုင်းဆန်စွာ ခုန္ပေါက်နေသည်။
'အား.. မဖြစ်ဘူး..မဖြစ်ဘူး..မဖြစ်ဘူး.. ငါ့နှလုံးသားတစ်ခုလုံး ရင်ဘတ်ထဲကနေ ပေါက်ထွက်တော့မလို ခံစားနေရတယ်.. ဟာ ငါရူးများရူးသွားတာလား? ဘာလို့ ဒီလိုမျိုး ငါ့ရင်ဘတ်က အရမ်းခုန်နေရတာလဲ? ငါ ယောက်ျားတစ်ယောက်ရဲ့ ဖက်တာကို ခံရလို့ ဖြစ်နေသလို ခံစားနေရတယ်? ဒါပေမဲ့ ပါး လည်း ငါ့ကို အမြဲလိုလို ဖက်တာပဲလေ.. မဖြစ်ဘူး ငါ အခုချက်ချင်းအိပ်မှဖြစ်မယ်.. ငါ အိပ်ပျော်သွားရင် အဓိပ္ပါယ်မရိှတဲ့အကြောင်းတွေ တွေးမိစရာအကြောင်းမရိှတော့ဘူး'
ကျန်းရှန် သူ့ကိုယ်သူ အိပ်ပျော်ရန် ကြိုးစားလိုက်သည်။ သူ ကြိုးစားပြီး ခနအကြာတွင် သူ့ကြိုးစားမှုအောင်မြင်သွားတော့သည်။
ဖေးစစ်ရန် ကုတင်အစွန်ဘက်တွင် ထိုင်ကာ အိပ်မောကျနေသော ကျန်းရှန်အား ကြည့်လိုက်သည်။ သူ့လက်ချောင်းလေးများဖြင့် ကျန်းရှန်ရဲ့ နှာဖျား ထို့နောက် နှုတ်ခမ်းတို့အာ ထိတွေ့လိုက်သည်။
YOU ARE READING
Rebirth:တစ်ခြားကမ္ဘာမှအချစ်ခံအရုပ်ကောင်လေး(MM Translation)
Vampireကျန်းရှန်က အဆောက်အဉီးအမြင့်ကနေ ပြုတ်ကျသွားခဲ့တယ် သူ့ကိုယ်သူသေမယ်လို့ထင်နေပေမဲ့ တကယ်တမ်းသူ့ဂိဉာဉ်က တခြားကမ္ဘာတစ်ခုကို အချိန်ခရီးထွက်သွားတယ်။ ဒီထပ်ပိုပြီး အံ့သြစရာကောင်းတာက သူက ကလေးမွေးဖွားရမဲ့ လူတစ်ယောက်ရဲ့ကိုယ်ထဲ ရောက်သွားတာပဲ.... "သောက်ကျိုးနဲ.. င...