Chapter-2(ငါကမင်းရဲ့မိန်းမလား?)

19.7K 2.4K 26
                                    

Unicode **

"ဘာ...? ဘာလိုချင်..တာလဲ... ငါ့ဆီက..?? ငါ အော်မှာနော်...! တကယ်အော်မှာ!!"

ဖေးစစ်ရန်က ခံစားချက်မရိှတဲ့မျက်နှာနဲ့ ရှေ့ကိုတိုးလာတာကြောင့် ကျန်းရှန် အထိန့်တလန့်ဖြင့် အော်လိုက်ရင် အနောက်သို့ ခြေတလှမ်းချင်းစီ ဆုတ်သွားလိုက်သည်။

ဒါပေမဲ့လည်း  အလေးချိန်များနေတဲ့ သူ့ခန္ဓာကိုယ် အထူးသဖြင့် သူ့ ဗိုက်သားတွေကြောင့် လှုပ်ရှားဖို့ ခက်ခဲနေသည်။ ဒီလိုအခြေအနေမှာတော့ သူ့ ဗိုက်က ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်စေနေသည်။

'ဘာတွေဖြစ်နေတာလဲဟ.?? စောနက ဆရာဝန်ပြောသလို ငါ တကယ် ဗိုက်ကြီးနေတာလား'

သေချာတာတစ်ခုကတော့ ယခုခန္ဓာကိုယ်က သူပိုင်ဆိုင်တဲ့ ခန္ဓာကိုယ်တော့မဟုတ်။ သူ့အသားအရေက ဒီလေါက်မဖြူသလိုခန္ဓာကိုယ်က သေးသွယ်ပြီး အားနည်းမှုလည်းမရိှဘူး။ ဒီနေရာမရောက်ခင် သူက အားကစားလိုက်စားတဲ့သူတစ်ယောက်...

'အော်သာ အော်ဟစ်ပစ်လိုက်ချင်တော့တယ်..  ဒါက ရူးကြောင်ကြောင်ဟာသတစ်ခုလား ဘာလား?? ဘယ်လောက်ပဲ ပိန်ပြီး သေးသွယ်နေပါစေ ဒါက ယောက်ျားလေးခန္ဓာကိုယ်လေ.. ဗိုက်ကြီးနိုင်လို့လား??'

ကျန်းရှန်က ထွက်ပေါက်တစ်ခုရဲ့အစွန်းတစ်ဖက်မှာရောက်နေတာလား... ဒါပေမဲ့ အခုက ဘာတွေဖြစ်နေလဲ သူသေချာကိုမသိတော့ဘူး။ သူ့ဝိဉာဉ်က တခြားကမ္ဘာတစ်ခုကို ရောက်သွားကာ တစ်ခြားသူရဲ့ခန္ဓာကိုယ်ထဲ ရောက်ရိှပြီး နိုးထလာတာလား??

'ကောင်းရော! ငါ့စည်းစိမ်တွေ တော့ ဆုံးပြီ'

"မင်း အော်ဟစ်ပြီးအကူအညီတောင်းမယ်ထင်နေတာ.. ဘာလို့ရပ်သွားတာလဲ??"

ဖေးစစ်ရန်က ကျန်းရှန်ရဲ့ ပါးနှစ်ဖက်ကို သူ့ရဲ့ကြီးမားတဲ့ လက်တို့နှင့် ဆွဲယူကာ သူ့ရဲ့အေးစက်စက်မျိုးဝန်းတို့ကို ကြည့်စေရန် မျက်နှာကို မော့စေလိုက်သည်။

ကျန်းရှန်ကတော့ ဖေးစစ်ရန်ပေးတဲ့ ဒဏ်ရါကြောင့် နာကျင်နေရတဲ့အထဲ ဒီလိုမျိုး ပြုမူခံလိုကရတော့ ဒေါသထွက်သွားရသည်။

"နာတယ်ကွ... ခင်ဗျားရူးနေလား ဘာဖြစ်နေတာလဲ? ကျွန်တော့်ကိုလြွှတ်.."

Rebirth:တစ်ခြားကမ္ဘာမှအချစ်ခံအရုပ်ကောင်လေး(MM Translation)Where stories live. Discover now