Unicode ✨✨
"ဟေးမင်.. သူတို့ကြည့်ရတာ အဆင်ပြေနေတဲ့ပုံပဲ.. ဖေးစစ်ရန် ကျန်းရှောင်ကို မမုန်းတော့ဘူး. ကြည့်ရတာ သူတို့နှစ်ယောက်ရင်းနှီးသွားကြပြီထင်တယ်"
မျက်စောင်းထိုးမှ အဆောင်အဉီးတစ်ခုတွင် နောက်ပြန်ဆုတ်သည်ဟုထင်အောင် ဟန်ဆောင်လိုက်သော တစ်ဖက်ရန်သူသည် ဖေးစစ်ရန် ရုံးခန်းအား မှန်ပြောင်းဖြင့် စောင့်ကြည့်နေသည်။ စောင့်ကြည့်ရင်း မြင်သမျှအရာတိုင်းကို သူ့အနောက်တွက်ရိှသော ဆေးလိပ်ငွေ့တို့ရှူရှိုက်နေသည့်လူအား အစီရင်ခံတင်ပြလိုက်သည်။
ဟေးမင် ဟုခေါ်သော လူသည် အမည်းရောင်ဝတ်ဆင်ထားသောလူတစ်ယောက်ဖြစ်သည်။ အဆောက်အဉီး၏လက်ရန်းတန်းကို မှီကာ ကောင်းကင်ပေါ်သို့ မော့ကြည့်လျက် ဆေးလိပ်ငွေ့တို့ကို မှုတ်ထုတ်လိုက်သည်။ ထိုသူ့၏ပုံစံအားကြည့်ရုံဖြင့် ဘယ်လောက်အန္တရာယ်ရိှမှန်း အာရုံခံမိနိုင်သည်။
"သူတို့နှစ်ယောက်အဆင်ပြေနေတာက ငါတို့အတွက်ဘအကျိုးအမြတ်အများကြီးရတာပဲ"
ဆေးလိပ်ငွေ့အား လေထဲသို့မှုတ်ထုတ်ရင်း ဟေးမင် ဆိုလိုကသည်။ သူ ဘာကိုကြံစည်နေလဲဆိုတာကို သူ့မျက်လုံးအားကြည့်မိလျှင် သတိထားမိနိုင်ပြီး မကောင်းဆိုးဝါးအငွေ့အသက်ဖြင့်ထိတွေ့နေသည့်တိုင် ချောမောလှသော သူ့မျက်နှာကိုကြည့်လိုက်လျှင် ထိုအရာများအားလုံးချက်ချင်းပျောက်ကွယ်သွားနိုင်သည်။
"ဒါပေမဲ့.. ဟေးမင် ငါသိချင်နေတာတစ်ခုက.. ကျန်းရှောင်ကို ဖေးစစ်ရန်အနားပို့ခဲ့ပြီး လွန်ခဲ့တဲ့ ခြောက်လအတွင်းမှာ အားလုံး အဆင်ပြေနေတာကို.. ဘာလို့ရုတ်တရက် ဒီနေ့မှ ကျန်းရှောင်ကို လုပ်ကြံဖို့ စီစဉ်လိုက်တာလဲ?? ဖေးစစ်ရန်သာ မကယ်လိုက်မိလို့ ကျန်းရှောင်သေသွားခဲ့ရင် ဘယ်လိုလုပ်မလဲ"
ထိုလူက စပ်စုကာ မေးလိုက်သည်။"ကျန်းရှောင်က ငါတို့ပို့လိုက်တဲ့လူမဟုတ်မှန်း ဖေးစစ်ရန် ယုံကြည်သွားအောင်လို့.. ပြီးတော့ ငါတို့အစီအစဉ်အကောင်အထည်ဖော်တဲ့အချိန်မှာ ကျန်းရှောင်ကို သူ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ကယ်တင်မှာပဲ"
![](https://img.wattpad.com/cover/236321618-288-k382660.jpg)
YOU ARE READING
Rebirth:တစ်ခြားကမ္ဘာမှအချစ်ခံအရုပ်ကောင်လေး(MM Translation)
Vampireကျန်းရှန်က အဆောက်အဉီးအမြင့်ကနေ ပြုတ်ကျသွားခဲ့တယ် သူ့ကိုယ်သူသေမယ်လို့ထင်နေပေမဲ့ တကယ်တမ်းသူ့ဂိဉာဉ်က တခြားကမ္ဘာတစ်ခုကို အချိန်ခရီးထွက်သွားတယ်။ ဒီထပ်ပိုပြီး အံ့သြစရာကောင်းတာက သူက ကလေးမွေးဖွားရမဲ့ လူတစ်ယောက်ရဲ့ကိုယ်ထဲ ရောက်သွားတာပဲ.... "သောက်ကျိုးနဲ.. င...