Unicode~~
(ဖက်ထားပေးပါ)
"ငါမင်းကို မမြင်ချင်ဘူး အခုချက်ချင်း ဒီကနေ ထွက်သွား!"
ပိုင်ဟောင် အသံအကျယ်ကြီးဖြင့် အော်ဟစ်ကာ မျက်ရည်တို့အားသုတ်ပြီးနောက် ဟေးမင်းကို အခန်းထဲမှတွန်းထုတ်ရန် မတ်တပ်ရပ်လိုက်သည်။သူ မတ်တပ်ရပ်နေချိန်မှာတင္ ခန္ဓာကိုယ်တစ်ခုလုံးအားနည်းလာကာ ကုတင်ပေါ်သို့ ပြန်လဲကျသွားသည်။မျက်နှာတစ်ခုလုံးက နီရဲနေပြီး အသက်ရှူ မြန်နေသည်။
'ဆေး...! ငါ ဆေးမသွင်းရသေးဘူးပဲ'
ဗီရိုဆီသို့ အားခဲပြီးသွားကာ အံဆွဲဆီသို့ အကြိမ်ပေါင်းများစွာလက်လှမ်းသော်လည်း မမီတော့ကာ ဝိုးတဝါးအရိပ်တို့အား သူမြင်စပြုလာသည်။
ဒါက ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတစ်ခုဆိုတာကို ပိုင်ဟောင်သိနေသည်။အချိန်မီ ဆေးမသွင်းမိရင် သူ့ခြေထောက်တွေအားနည်းလာပြီး အင်အားမဲ့လာကာ ခန္ဓာကိုယ်တစ်ခုလုံး ပူလောင်လာလိမ့်မည်။ သူ့စိတ်ဆန္ဒတို့က တောင့်တမှုပြုလာပြီး ခန္ဓာကိုယ်ကလည်း တုံ့ပြန်လာလိမ့်မည်။
'ဒီခွေးကောင်ကို ငါ့ပုံစံ မြင်ခွင့်မပေးနိုင်ဘူး.. ငါ ဆေးအမြန်ယူမှဖြစ်မယ်'
ပိုင်ဟောင် ဝက်တစ်ကောင်ကဲ့သို့ ဇောချွေးပြန်နေသည်။ နှုတ်ခမ်းတို့အား ဖိကိုက်ထားပြီး ဗီရိုနားသို့ အားခဲကာသွားသည်။
သို့သော်လည်း ထိုအချိန်၌ ပိုင်ဟောင် အင်အားတစ်စက်မျှမရိှတော့။ မျက်စိတစ်မှိတ်အတွင်းမှာတင် သူ့ခန္ဓာကိုယ်တစ်ခုလုံးနီရဲတွတ်ပြီးပူလောင်လာကာ သူ့ခေါင်းကလည်း ပေါက်ကွဲထွက်တော့မတတ် ကိုက်ခဲနေသည်။
ဗီရိုဆီသို့ နောက်တကြိမ်ရောက်အံ့ဆဲဆဲတွင် သူ့မြင်ကွင်း၌ ဟေးမင်ရဲ့ ဝိုးတဝါးအရိပ်တစ်ခုပေါ်လာပြီးနောက် သူ့လက်မောင်းတစ်ဖက်မှ နာကျင်မှုအားခံစားလိုက်ရသည်။
သူ့စိတ်တွေ မငြိမ်သက်သေးတာကြောင့် ကုတင်ပေါ်တွင် တစ်ကိုယ်လုံးအား တင်းကြပ်စွာဆုပ်ကိုင်ထားပြီး ခန္ဓာကိုယ်အား ကွေးကာ နေနေသည်။ ငရဲခန်းထဲမှ ဖြတ်လာရသလို တံထွေးအား ခနခန မြိုချနေသည်။
![](https://img.wattpad.com/cover/236321618-288-k382660.jpg)
ESTÁS LEYENDO
Rebirth:တစ်ခြားကမ္ဘာမှအချစ်ခံအရုပ်ကောင်လေး(MM Translation)
Vampirosကျန်းရှန်က အဆောက်အဉီးအမြင့်ကနေ ပြုတ်ကျသွားခဲ့တယ် သူ့ကိုယ်သူသေမယ်လို့ထင်နေပေမဲ့ တကယ်တမ်းသူ့ဂိဉာဉ်က တခြားကမ္ဘာတစ်ခုကို အချိန်ခရီးထွက်သွားတယ်။ ဒီထပ်ပိုပြီး အံ့သြစရာကောင်းတာက သူက ကလေးမွေးဖွားရမဲ့ လူတစ်ယောက်ရဲ့ကိုယ်ထဲ ရောက်သွားတာပဲ.... "သောက်ကျိုးနဲ.. င...