Chapter-61(ကိုယ်မင်းကိုလက်ထပ်မယ်)

8.6K 1.4K 26
                                    

Unicode ❤️❤️

ကိုယ်မင်းကို လက်ထပ်မယ်

"အဟမ်း... ဖေးစစ်ရန် ကျွန်တော်တို့စကားခန ပြောရအောင်"

ရုတ်တရက် ဖေးစစ်ရန်နှင့် ခပ်တန်းတန်းထိုင်လိုက်ကာ ဖေးစစ်ရန်မျက်နှာအား ပြုံးဖြီးဖြီးဖြင့် ကြည့်နေသည်။

"မင်း ဘာပြောချင်လို့လဲ"  ဖေးစစ်ရန်က မျက်ခုံးကို အသာလေးပင့်ကာ ကျန်းရှန်အား စကားဆက်ပြောစေသည့်ပုံပင်။

"အခုအချိန်မှာ ကျွန်တော်က သွားစရာနေရာလည်းမရိှ မှတ်ဉာဏ်ကလည်းပျောက်ဆုံးနေတာကြောင့် ကျွန်တော်က ဘယ်လောက်သနားစရာကောင်းပြီး ဆင်းရဲနုံချာလဲဆိုတာ ခင်ဗျားသိမှာပါ... ဒါ့အပြင် ခင်ဗျားအပေါ်မှာ ငွေပမာဏအများကြီးကလည်း အကြွေးတင်နေသေးတယ်.. ဟုတ်တယ်မလား"

စကားပြောနေရင်းနှင့်ပင် ဖေးစစ်ရန်ရဲ့ သနားကြင်နာမှုအား အနိုင်ပိုင်းနိုင်ရန် ကျန်းရှန် တတ်နိုင်သလောက် သနားစရာကောင်းလွန်းသော အကြည့်လေးဖြင့် ကြည့်နေလေသည်။

"ပြီးတော့?..."

ဖေးစစ်ရန်ဘက်ကတော့ သူ့စကားအားနားထောင်ပြီးနောက် ထိုစကားလုံးနှစ်လုံးတည်းကိုသာ အေးစက်စွာဆိုလိုက်သည်။

'ပြီးတော့... ဟုတ်လား!? ကျွန်တော့်ဘက်က ထုတ်ပြောရမှာလား! ကျွန်တော့်မှာလည်း သိက္ခာတော့ရိှသေးတယ်လေ.. ! ခင်ဗျားအနားမှာခေါ်ထားပေးဖို့ ကျွန်တော် သွယ်ဝိုက်ပြီးပြောနေတာလေ... လုပ်စမ်းပါ.. ခင်ဗျား အဲ့လောက်တောင် တုံးရလား'

သို့သော္လည်း သူ့စိတ်ထဲတွင် ရိှနေတဲ့ အရာတွေကို ဖွင့်ဟပြောဆို၍ မရနိုင်တာကြောင့် သွယ်ဝိုက်သော အားဖြင့်
"ပြီးတော့.. ကျွန်တော်ကလည်း ကိုယ်ဝန်နဲ့ဆိုတော့.. ပြောချင်တာက ကျွန်တော် အလုပ်မသွားနိုင်ဘူးလေ ဟုတ်တယ်မလား... အလုပ်ကိုမသွားနိုင်တော့ ကျွန်တော့်မှာဝင်ငွေမရိှဘူး.. အဲ့တာကြောင့် ကျွန်တော် ခင်ဗျားရဲ့ အကြွေးကို ဘယ်လိုပေးနိုင်မှာလဲ"

ကျန်းရှန် အတတ်နိုင်စွမ်း ကြိုးစား၍ ပြုံးကာ ဖေးစစ်ရန်အား သနားညှာတာစေသည်။

Rebirth:တစ်ခြားကမ္ဘာမှအချစ်ခံအရုပ်ကောင်လေး(MM Translation)Where stories live. Discover now