Chapter-26(သန်းခေါင်ယံနိုးထခြင်း)

9.8K 1.5K 13
                                    

Unicode 🧛‍♂️🧛‍♂️

"ပိုင်ဟောင် အဆင်ပြေရဲ့လား?? ငါတို့ မင်းအခန်းထဲက  ဆူညံသံတွေကြားလို့"

ဟေးမင် ထွက်မသွားခင်အချိန်တိုင်အောင် ပိုင်ဟောင် လက်အောင်ငယ်သားတို့သည် ဒီနားသို့ရောက်နေကြခြင်းပင်။

သူတို့ အခန်းထဲကိုဝင်လာပြီး မီးဖွင့်လိုက်တဲ့အချိန်တွင် ရှုပ်ပွနေသောအခန်းကြောင့် အားလုံးအံ့သြသွားကြသည်။

ပျက်စီးသွားသော နံရံတွေကြားမှ နောက်ဆုံး ပိုင်ဟောင့်ကို ရေချိုးခန်းထဲတွင် ရှာတွေ့သွားသည်။

"ပိုင်ဟောင်"

လက်အောက်ငယ်သားနှစ်ယောက်က ပိုင်ဟောင့်ဆီသို့ အမြန်လာကာ တွဲထူရန်ကူညီပေးလိုက်တာကြောင့် ပိုင်ဟောင် အံ့အားသင့်သွားသည်။

ပိုင်ဟောင် ဘာစကားမှမဆိုပဲ တိတ်ဆိတ်လျက်ဖြင့် ခုံပေါ်သာ သယ်ခွင့်ပေးလိုက်သည်။

"ဘယ်သူလဲ?? ညနက်သန်းခေါင်ကြီး ဒီအခန်းထဲ ဘယ်သူက ခိုးဝင်နိုင်တာလဲ?"  ပိုင်ဟောင်ရဲ့ လက်အောက်ငယ်သားတစ်ယောက်က အလျင်စလိုဖြင့် မေးလိုက်သည်။

သူ့စကားအားကြားပေမဲ့ ပိုင်ဟောင် တုံ့ပြန်ခြင်းမရိှ။ ဝမ်းဗိုက်ကိုသာ လက်တို့တင်ထားလျက် လက်ဖက်ရည် စားပွဲကိုသာ စိုက်ကြည့်နေသည်။

လက်အောက်ငယ်သားတွေကတော့ တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ဘာလုပ်ရမယ်မှန်းမသိ။

သူတို့ စိတ်ရှုပ်ထွေးနေပြီး နောက်ဆုံးမှ ပိုင်ဟောင် ပါးစပ်ပွင့်လာကာ
"ငါတို့ကို ကာကွယ်ပေးထားတဲ့ စွမ်းအားကို အတည်ပြုလိုက်... အဓိကတော့ anti-air..."

"နားလည်ပါပြီ... ရန်သူအတွက်ကရော?? သူ ထွက်သွားပြီလား.. ငါတို့ သူ့နောက် လိုက်ရမလား"

ပိုင်ဟောင် အခုလို အနိုင်ယူခံရပြီး သူ့ဒဏ်ရါမှ သွေးများစွာ စီးဆင်းလာသည်ကို သူ ပထအဆုံးအကြိမ်မြင်ဖူးခြင်းဖြစ်တာကြောင့် ထိတ်လန့်သွားသည်။

"မလိုဘူး... သူ့ကိစ္စ မင်းဝင်ရှုပ်ဖို့မလိုဘူး... ငါ့တို့ လွှတ်ထားတဲ့ လူတွေကို ပြန်ခေါ်လိုက်တော့"

Rebirth:တစ်ခြားကမ္ဘာမှအချစ်ခံအရုပ်ကောင်လေး(MM Translation)Where stories live. Discover now