Chapter-82(ထာဝရရှင်သန်ဆေးရည်)

5.1K 727 4
                                    

Unicode ❤️❤️

ထာဝရ ရှင်သန်ဆေးရည်

အမှိုက်ပုံးအနီးတွင် ရပ်ထားသော ကားထဲ၌-

ဒရိုင်ဘာသည် mask အား တပ်ထားကာ မျက်မှောင်ကြုတ်ရင်း ကားနောက်ခန်းတွင် ထိုင်နေသော လူအားမေးလိုက်သည်။
"သခင်လေး    သခင်လေးလက်ထဲက ဘူးက ဘာမလို့ ဒီလေါက်သွေးနံ့တွေရနေရတာလဲ?"

ထိုလူက ဘာမှ မရှင်းပြပဲ ဘူးအားဖွင့်ပြီးနောက် မျက်မှန်အား ပင့်တင်ကာ ထိုဘူးထဲမှ အရာအား စိုက်ကြည့်လိုက်သည်။

ထို့နောက် " ပြန်ကြမယ်"

"ဟုတ်ကဲ့ပါ သခင်လေး"

ဒရိုင်ဘာကတော့ သူ့နှာခေါင်း တင်ကြပ်စွာ ဖိညှပ္ထားပေမဲ့ နောက်ခန်းမှ လူကတော့ ဘာအနံ့မှ မရသည့်နှယ် မျက်နှာပေါ်တွင် ဘာခံစားချက်ကိုမှ မပြပေ။

မကြာခင် ကားမောင်းထွက်သွားပြီးနောက် မလှမ်းမကမ်းကနေမြင်နေရသောမြင်ကွင်းကြောင့် ကားထဲမှလူသည် ရဲအရာရိှတို့အား ကြည့်ရင်း တွေဝေသွားသည္။

ထို့နောက် ထိုလူက တစ်ဖက်ဖုန်းမှ လူအား
"သခင်ကြီးဟောင္..  ပစ္စည်းကိုသွားယူဖို့အတွက် ကျွန်တော့်တု့ိ လွှတ်လိုက်တဲ့လူက ရဲတွေဆီမှာ အဖမ်းခံလိုက်ရပါတယ်   သူ့ကို လုယက်မှု ​အနေနဲ့ ဖမ်းတာဖြစ်မယ် ပြီးတော့ လူရမ်းကားတစ်ယောက်က ကန်ထုတ်လိုက်တာ"

"ဘာ! ဒါဆို ပစ္စည်းကရော? ပစ္စည်းက ရဲတွေလက်ထဲမှာလား"

ထိုစကားကြားပြီးသခင်ကြီးဟောင် မျက်မှောင်ကြုတ်လိုက်သည်။

"အဲ့တာကတော... ပစ္စည်းက အမှိုက်ပုံးထဲမှာတော့ မရိှတော့ဘူး!  ကျွန်တော်တို့လူကို တိုက်ခိုက်ခဲ့တဲ့လူနောက်ပါသွားလာဆိုတာကိုတော့ ကျွန်တော်မသိဘူး " တစ်ဖက်မှ လက်အောင်ငယ်သားက ထုံထိုင်းစွာ ပြောလိုက်သည္။

"ငတုံးကောင်! မင်းဘာလို့ ဒီတိုင်းနေနေသေးတာလဲ?  ယူသွားတဲ့လူနောက် လိုက်ပြီး ဘာလို့ ပစ္စည်းကို မယူပဲနေနေတာလဲ!"

"အော်.. ဟုတ်ကဲ့ ဟုတ်ကဲ့ ဟုတ်ကဲ့.. ကျွန်တော် ခုချက်ချင်းလိုက်သွားပါ့မယ်"

Rebirth:တစ်ခြားကမ္ဘာမှအချစ်ခံအရုပ်ကောင်လေး(MM Translation)Where stories live. Discover now