Unicode ❤️❤️
ငြီးငွေ့သွားတဲ့အထိသာ ဖက်ထားလိုက်တော့
'မဖြစ်နိုင်ဘူး!ငါ ဝိဉာဉ် ဝင်စားတာကို သူတို့ ဘဟ်လိုလုပ်သိနေကြတာလဲ... ဒါမှမဟုတ် ဟို ရှေ့ဖြစ်ဟောသူ ရှုဝမ်းရှန်က သူတို့ကို အကုန်ပြောပြထားတာများလား'
ကျန်းရှန် အသက်ပြင်းပြင်းရှူလိုက်ပြီး ဖေးစစ်ရန်အား တွန့်ဆုတ်စွာကြည့်လိုက်သည်။ သူ စကားပြောရန်ပင် ကြောက်ရွံ့နေသည်။
ကျန်းရှန် မျက်နှာပေါ်က စိတ်အနှောင့်အယှက်ဖြစ်မှုတို့အား တွေ့တော့ ဖေးစစ်ရန် စိတ်ထဲတွင် ပို၍ ခက်ခဲရှုပ်ထွေးလာသည်။
'သူ နိုးလာတဲ့အချိန်ကတည်းကစပြီး စိတ်နေစိတ်ထားနဲ့ အကျင့်စရိုက်တွေ ပြောင်းလဲလာတာကိုတော့ အံ့သြစရာမရိှတော့ဘူး... သူ့ပုံစံက တခြားလူတစ်ယောက်လို ဖြစ်သွားတာ.. ငါကသာ ဝိဉာဉ်လဲလှယ်ခြင်းကို မရိပ်မိနိုင်တဲ့အထိ တုံးအနေခဲ့တာပဲ... သတ်သေဖို့ကြိုးစားတာက ဘယ်လိုလုပ် မှတ်ဉာဏ်ပျောက်ဆုံးခြင်းကို ဖြစ်စေနိုင်မှာလဲ.. ဒါက တကယ်တမ်း သတိထားဖို့ လွယ်ကူတယ်'
"ဘာမှ.. မ.. မပြောပါနဲ့... ကျွန်တော် နဲနဲ ကြောက်နေလို့"
ကျန်းရှန်ပုံစံသည် ပြောင်းလဲလာပြီး သူ့အသံလေးကလည်း သေးသေးလေးဖြစ်လာသည်။
ဖေးစစ်ရန်က ကျန်းရှန်အား တိတ်တဆိတ်ဖြင့်သာ ငေးကြည့်နေသည် သူ့မျက်နှာထက်တွင်တော့ နူးညံ့သော အပြုံးတစ်ခုရိှနေသည်။ သူက ကျန်းရှန်ရဲ့ ခေါင်းအား ပွတ်သပ်ပေးလိုက်ပြီး
"မကြောက်နဲ့... ကိုယ် မင်းအနားမှာရိှတယ်"ထိုစကားလုံး၏ နောက်ကွယ်မှ အဓိပ္ပါယ်ကို ဘယ်သူမှ မသိနိုင်သော်လည်း သေချာသည်က ကျန်းရှောင် ခန္ဓာကိုယ်ထဲမှ လူသည် ကျန်းရှန် ဖြစ်နေပြီး တစ်နည်းဆိုရရင် သူ့ဇနီး၏ လူဝင်စားတစ်ယောက်ဖြစ်နေကြောင်း ဖေးစစ်ရန် သိသွားပြီးဆိုတာကိုတော့ အတည်ပြုနိင်ပြီဖြစ်သည်။
'ဘာလားဟာ.. ခင်ဗျား ရိှနေလို့ကို ကျွန်တော် ကြောက်နေရတာလေ ပြီးတော့ ကျွန်တော့်အတွေးကို သိနေတဲ့ပုံစံမျိုးကြီးနဲ့ ကျဉ်းထဲကြပ်ထဲရောက်စေတဲ့မေးခွန်းတွေဲ မေးနေတယ် ဒီလူက တကယ့်အန္တရယ်ပဲ... သူတို့ပြောတဲ့ မှော်ကမ္ဘာဆိုတာ anime ကားတွေထဲကလို နေရာများလား?? သူတို့ကတော့ သဘာဝလွန်စွမ်းအား ရိှတဲ့ မျိုးစိတ်တွေလိုနဲ့ မတူဘူးလား? ငါတော့ သူတို့နဲ့ ပက်သက်လို့မဖြစ်ဘူး အိမ်ပြန်ရောက်ပြီဆိုတာနဲ့ ငါ့အိမ်မှာပဲ ငါနေပြီး သူတို့နဲ့ လုံးဝ ပြန်မလိုက်တော့ဘူး'
YOU ARE READING
Rebirth:တစ်ခြားကမ္ဘာမှအချစ်ခံအရုပ်ကောင်လေး(MM Translation)
Vampireကျန်းရှန်က အဆောက်အဉီးအမြင့်ကနေ ပြုတ်ကျသွားခဲ့တယ် သူ့ကိုယ်သူသေမယ်လို့ထင်နေပေမဲ့ တကယ်တမ်းသူ့ဂိဉာဉ်က တခြားကမ္ဘာတစ်ခုကို အချိန်ခရီးထွက်သွားတယ်။ ဒီထပ်ပိုပြီး အံ့သြစရာကောင်းတာက သူက ကလေးမွေးဖွားရမဲ့ လူတစ်ယောက်ရဲ့ကိုယ်ထဲ ရောက်သွားတာပဲ.... "သောက်ကျိုးနဲ.. င...