Unicode 🧛♂️🧛♂️
မနက်မိုးလင်းတော့ ကျန်းရှန် ပထမဆုံးသတိထားမိတာက ကုတင်ပေါ်မှာ သူတစ်ယောက်တည်း ရိှနေခြင်းပင်။
"ဟမ်!ထူးဆန်းလိုက်တာ မနေ့က အိပ်မက်ဆိုးမက်နေတာများလား..?? ဖေးစစ်ရန် ငါ့အခန်းထဲမှာ ရိှမနေဘူး.."
အိပ်ယာကထကာ သူ့ခေါင်းသူ ကုတ်ခြစ်ပြီး သေချာစဉ်းစားကြည့်ပေမဲ့ သူ မနေ့က ကိစ္စတွေအကုန် မေ့လျော့သွားခဲ့ပြီ။ သန်းဝေကာ အိပ်ယာပေါ်က ထရင်း သူ့ရဲ့မနက်ခင်းလုပ်ငန်းစဉ်ကို စတင်ဖို့ ရေချိုးခန်းဆီကို ဉီးတည်ထွက်သွားသည်။
ဆယ်မိနစ်အကြာတွင် ဟောခန်း၌~
"ကျွန်တော်တို့ရဲ့ အိမ်ခြံ အကျိုးဆောင်လုပ်ငန်းအသစ်က အဆင်ပြေနေတာကြောင့် သူဌေးစိတ်ပူစရာ မရိှတော့ပါဘူး.."
အတွင်းရေးမှူးက မနက်ခင်း အလုပ်အစီရင်ခံစာကို ဖေးစစ်ရန်ဆီ တင်ပြလိုက်သည်။ဒါက ဖေးစစ်ရန် အလုပ်ကို လာတိုင်း အမြဲ လုပ်ဆောင်ရတဲ့အလုပ်တစ်ခု..
ဖေးစစ်ရန် ဆိုဖာပေါ်တွင် ထိုင်တာ ဘာစကားမှမဆိုပဲ ခေါင်းညိတ်ပြီး ဖြေလိုက်ကာ သူ့လက်ထဲက လုပ်ငန်းအစီရင်ခံစာတွေကို ဆက်ပြီးလုပ်ဆောင်နေလိုက်သည်။
"မနက်အစောကြီးကို အလုပ်လုပ်နေတယ်.. ဒီလူ အလုပ်ရူး များလား.."
ကျန်းရှန် လှေကားပေါ်က ဆင်းလာရင်း တွေ့မြင်ရသည်ကို တိုးတိုးတိတ်တိတ် ရေရွက်လိုက်သည်
ဒါဟာ ဘာမှမဟုတ်ပေမဲ့ အသေးစား ဝေဖန်မှုလေးတစ်ခု...
ဒါပေမဲ့ ဖေးစစ်ရန်ဘေးက အရာတစ်ခုက ကျန်းရှန်ရဲ့ စိတ်ဝင်စားမှုကို အပြည့်အဝဖမ်းစားနိုင်လိုက်သည်။
အဲ့တာကတော့ ရွှေရောင်ဖျော့ဖျော့ ဆံပင်နဲ့ အပြာနုရောင် မျက်ဝန်းတို့ပိုင်ဆိုင်တဲ့ ချစ်စရာကောင်းသော ကောင်လေးတစ်ယောက်ပင်။ ဘောင်းဘီတိုနဲ့ တီရှပ်ကိုသာ ဝတ်ဆင်ထားတဲ့ ထိုကောင်လေးက သူ့ရဲ့ ချစ်စရာကောင်းမှုနဲ့ တောင်ပမှုတွေကိုတော့ မဖုံးကွယ်နိုင်ပေ။"အဲ့ ကောင်လေးက ဘယ်သူလဲ??" ကျန်းရှန် မျက်မှောင်တွေကြုတ်ရင်းပြောလိုက်သည်။
မနေ့ညကမှ သူ့အိပ်ယာပေါ် အတင်းအိပ်ခိုင်းနေတဲ့ လူက ဒီနေ့ကျတော့ တခြားတစ်ယောက်နဲ့ အတူရိှနေတယ်....

ESTÁS LEYENDO
Rebirth:တစ်ခြားကမ္ဘာမှအချစ်ခံအရုပ်ကောင်လေး(MM Translation)
Vampirosကျန်းရှန်က အဆောက်အဉီးအမြင့်ကနေ ပြုတ်ကျသွားခဲ့တယ် သူ့ကိုယ်သူသေမယ်လို့ထင်နေပေမဲ့ တကယ်တမ်းသူ့ဂိဉာဉ်က တခြားကမ္ဘာတစ်ခုကို အချိန်ခရီးထွက်သွားတယ်။ ဒီထပ်ပိုပြီး အံ့သြစရာကောင်းတာက သူက ကလေးမွေးဖွားရမဲ့ လူတစ်ယောက်ရဲ့ကိုယ်ထဲ ရောက်သွားတာပဲ.... "သောက်ကျိုးနဲ.. င...