Unicode ❤️❤️
"ဂရုစိုက်... မထိခိုက်စေနဲ့"
ဖေးစစ်ရန် ထိုစကားသာဆိုသည်။ထိုစကားက ကျန်းရှန်အတွက် စိုးရိမ်လို့ သတိပေးပုံပေါက်သလို တစ်ဖက်တစ်လှမ်းကကြည့်လျှင် အန္တရာယ်အငွေ့အသက်တို့ပါသည့် ခြိမ်းခြောက်သည်သဘောလည်းပါနေသည်။
'ဘာလားဟ!! သူက ငါ့ကိုခြိမ်းခြောက်နေတာလား??'
"မင်းအကိုက ဉီးနှောက်ချို့ယွင်းနေတာများလား?? သူ့ကိုအမြန်ဆုံး ဆေးရုံကိုခေါ်သွားပြီး စစ်ဆေးမှုလုပ်ပေးဖို့ ငါ အကြံပေးပါရစေ"
"ဉီးနှောက်ပျက်နေတဲ့သူက နင်ပဲဖြစ်လိမ့်မယ်...
ဒါ့ကြောင့်လည်း အကိုက နင့်ကိုအရူးလို့ပြောတာမဆန်းပါဘူး"ဖေးလုလု ပြန်အော်ပြောကာ ဘေးသို့ စိတ်မပျော်ရွှင်စွာလှည့်လိုက်သည်။
သေချာတာက ကျန်းရှန်ကို သူမ ပြုစုစောင့်ရှောက္ပေးရမယ်ဆိုတာကြောင့် သူမ စိတ်မပျော်ရွှင်ခြင်းသာဖြစ်သည်။ သို့ပေမဲ့လည်း ဖေးစစ်ရန်ရဲ့ အမိန့်အား ဖီဆန်ခြင်းက ပို၍ ကြောက်စရာကာင်းလှသည်။
"မင်း ကောင်းကောင်းနေရင်ကောင်းမယ်.. ငါပြန်လာလို့ မင်းကို ဒီမှါမတွေ့ရင် မင်းရဲ့လုပ်ပ်အတွက် မင်းတာဝန္ယူရလိမ့်မယ်"
ဖေးစစ်ရန် ကျန်းရှန်နားသို့လျှောက်လာကာ အေးစက်စွာဆိုပြီးနောက် လှေကားအတိုင်းလျှောက်သွားလိုက်သည်။"ဟုတ်ပါပြီ ဟုတ်ပါပြီ... ကျွန်တော့်လုပ်ရပ်အတွက်ကျွန်တော် တာဝန်ယူပေးပါ့မယ်"
ကျန်းရှန် တီးတိုးရေရွတ်ပြီးနောက် ဆိုဖာပေါ်ပြန်ထိုင်လိုက်ကာ တီဗီအားပြန်ဖွင့်၍ ဟာသအစီအစဉ်ကိုကြည့်ကာ ပျင်းစရာကောင်းသောသူ့ဘဝအါး ဖြတ်သန်းနေလိုက်သည်။
"ဒီမှါ!! အကိုက ကျန်းရှောင်ကို ချစ်နေတယ်လို့ နင်ဘယ်လိုများပြောနိုင်ရတာလဲ?? ဉီးနှောက်ရောမှန်သေးရဲ့လား?? သူတို့ကို သေချာစောင့်ကြည့်သင့်တယ်လို့ ထင်တယ်"
ဖေးစစ်ရန်ထွက်သွားချိန်တွင် ဖေးလုလု ဖန်းရှောင်ကို ဆွဲကာ ခပ်တိုးတိုးမေးလိုက်သည်။
YOU ARE READING
Rebirth:တစ်ခြားကမ္ဘာမှအချစ်ခံအရုပ်ကောင်လေး(MM Translation)
Vampireကျန်းရှန်က အဆောက်အဉီးအမြင့်ကနေ ပြုတ်ကျသွားခဲ့တယ် သူ့ကိုယ်သူသေမယ်လို့ထင်နေပေမဲ့ တကယ်တမ်းသူ့ဂိဉာဉ်က တခြားကမ္ဘာတစ်ခုကို အချိန်ခရီးထွက်သွားတယ်။ ဒီထပ်ပိုပြီး အံ့သြစရာကောင်းတာက သူက ကလေးမွေးဖွားရမဲ့ လူတစ်ယောက်ရဲ့ကိုယ်ထဲ ရောက်သွားတာပဲ.... "သောက်ကျိုးနဲ.. င...