Chapter-42(သူတို့ကိစ္စဖြစ်သကဲ့သို့)

8.3K 1.3K 20
                                    

Unicode~~

(သူတို့ကိစ္စဖြစ်သကဲ့သို့)

"ပိုင်ဟောင်.. မစ္စတာဖေး အိမ်ပြန်ရောက်နေပါပြီ"

လက်အောင်ငယ်သားတစ်ယောက်က အပြင်ဘက်မှ တံခါးခေါက်လိုက်သည်

'ဘာ! ဖေးစစ်ရန် အိမ်ပြန်ရောက်နေပြီ'

ထိတ်လန့်မှုက ပိုင်ဟောင့်အား လွှမ်းမိုးသွားပြီး ချက်ချင်းပင် စောင်ကို ဖယ်လိုက်ကာ သူ့ကိုယ်သူ သပ်ရပ်အောင်လုပ်လိုက်သည်။ ထို့နောက် နာကျင်နေသော သူ့ခြေထောက်တို့အား ဖြည်းဖြည်းချင်းလှမ်းကာ တံခါးအားဖွင့်လိုက်ပြီး စိတ်မရှည်စွာမေးလိုက်သည်။

"သူအခု စံအိမ်ထဲမှာလား"

ရှုပ်ပွနေပြီး ပင်ပန်းနေပုံပေါ်နေသည့် ပိုင်ဟောင့်ကိုကြည့်ကာ ထို လက်အောက်ငယ်သားက အံ့သြသွားပြီး သူ့လည်ပင်းတွင် အထင်းသားတွေ့နေရသော အနီရင့်ရောင် အမှတ်နှစ်ခုကြောင့် ဆွံ့အသွားရသည်။

"ဟေ့. ငါမင်းကိုမေးနေတယ်လေ"

"သြော်.. ဟုတ်ကဲ့.. အောက်ထပ်လှေကားမှာပါ သူပြန်လာနေပါပြီ"

လက်အောက်ငယ်သားလည်း သတိပြန်ဝင်လာကာ ပြန်ဖြေလိုက်သည်။ထို့နောက် တစ်ဖက်သို့လှည့်ကာ အသက်ပြင်းစွာရှူလိုက်သည်။

'ဒါဆို ပိုင်ဟောင့်အခန်းမှ လူတစ်ယောက်ရိှနေတယ်ဆိုတဲ့ ကောလဟာလက တကဟ်ကြီးပေါ့.. သူကတော့ အလုပ်ကိစ္စရိှတဲ့ပုံစံ ပေါ်နေပေမဲ့လည်း ညနက်သန်းခေါင်ကြီး သူတို့ ဘာလုပ်နိုင်မှာလဲ??'

"ဟုတ်ပြီ.. အကြံရပြီ.. မင်းက အောက်ထပ်လှေကားကနေ ပြန်ထွက်သွားတော့"

ပိုင်ဟောင် တံခါးအား ငြင်သာစွာပိတ်လိုက်ပြီးနောက် အသံတိုးတိုးဖြင့် ​နားနားနေနေလဲလျောင်းနေသော ဟေးမင်အား ပြောလိုက်သည်။

"မင်းရူးနေတာ တစ်ခုခုဖြစ်သွားတာလား.. မကြားလိုက်ဘူးလား ဖေးစစ်ရန်ပြန်လာနေပြီဆိုတာကို"

"အဲ့တော့?"

ဟေးမင်ကတော့ အေးအေးဆေးဆေးပင် ကြောက်ရွံခြင်းတစ်စက်မှ မရိှ။

"အဲ့တော့ ဟုတ်လား?? ကောင်းပြီး..  ကိုဟ့်ကိုကိုဟ် အသေခံချင်ရင်တော့ ဒီမှါဆက်နေလိုက်! ငါ ဂရုမစိုက်ဘူး"

Rebirth:တစ်ခြားကမ္ဘာမှအချစ်ခံအရုပ်ကောင်လေး(MM Translation)Donde viven las historias. Descúbrelo ahora