Unicode ❤️❤️
တပါးသူ၏ စီးပွါးရေးအား နှောင့်ယှက်ခြင်း
B.O.M မှ ချောင်ကျသောနေရာတစ်ခုတွင်
(Edit- tran မှာက နွားတင်းကုပ်လို့ရေးထားတာပါ အဆင်ပြေအောင်ပဲ ပြန်လိုက်ပါတယ်)
"ဘာ! မင်းက ကြက်အစာ ကျွေးနေတာလား? လာနောက်နေတာလားကွ? မင်းနဲ့အလုပ်တွဲလုပ်နေတဲ့သူကို သူတောင်းစားလို့ ထင်နေတာလား ?"
အမှောင်ခန်းထဲမှ လူတစ်ယောက်သည် လေသံတိုးတိုးဖြင့် ဖုန်းအား ဆဲဆိုလိုက်သည်။
"ငါးသိန်းခွဲဲ.. ယူသွားမလား ထားခဲ့မလား.. မင်းရဲ့ ဆုံးဖြတ်ချက်အပေါ်ပဲမူတည်တယ် အဲ့ဒါက အချိန်ကြာလာရင် လတ်ဆတ်မှုကနေ တန်ဖိုးကျဆင်းလာလိမ့်မယ်... မင်း အချိန်ကြာအောင်သိမ်းထားလေ ပိုပြီးစျေးပေါလာလေပဲ"
ဖုန်းတစ်ဖက်မှ လူ၏ အသံသည် အေးစက်နေပြီး ကြောက်စရာကောင်းနေသည်။
တစ်ဖက်က လူကတော့ ဒေါသထွက်လွန်းတာကြောင့် အဆုတ်တွေပေါက်ကွဲထွက်မတတ်ပင် အသက်ရှူသံပြင်းထန်နေသည်။ သိုသော်လည်း သူ ထိုအရာအား တစ်စုံတစ်ယောက်ထံ ရောင်းမှကို ဖြစ်မည်။ ထိုအရာက သူကိုယ်တိုင် သိမ်းဆည်းထားခြင်းက ဘာကောင်းကျိုးမှ ဖြစ်လာမည်မဟုတ်ပေ။
"၇သိန်းလောက်တော့ ပေးကွာ.. ဒါ အနိမ့်ဆုံးခေါ်စျေးပဲ.. ဒါနဲ့ ငါ့ဘဝကို မြှင့်တင်မှရမှာ.. တကယ်လို့သာ တည်ထောင်သူအဖွဲ့အစည်းကသာ သိသွားရင် ငါသေလိမ့်မယ်"
"ကောင်းပြီလေ သဘောတူတယ်"
ထိုလူ အပေးအယူ ပြုလုပ်လိမ့်မည်ဆိုတာကို ကြိုသိနေသည့်အလား တစ်ဖက်မှ လူက ပြုံးလိုက်သည်။
"ဒါဆို ဘယ်အချိန်လဲ? ဘယ်နေရာမှ တွေ့ကြမှာလဲ? " ထိုလူက မေးလိုက်သည်။
"မင်း အောက်ထပ်လှေကားကိုဆင်းလာတဲ့အခါမှာ အိတ်ကို အမှိုက်အိတ်ထဲ ထည့်ပြီး မင်းတိုက်ခန်းအောက်ထပ်က အမှိုက်ဆီမှာ အဲအိတ်ကို ပစ်ထားခဲ့လိုက်.. ငါတို့ သဘောတူထားတဲ့ ကိစ္စက ဒါအကုန်ပဲ"
"ဒါပဲလား? ပစ္စည်းကောင်းမကောင်း မင်း မစစ်ဆေးတော့ဘူးလား?" ထိုလူ အနဲငယ် အံ့အားသင့်သွားသည်။ ၇သန်း ဆိုတဲ့ ပိုက်ဆံက နဲတဲ့ ပိုက်ဆံမှမဟုတ်ပဲ။

STAI LEGGENDO
Rebirth:တစ်ခြားကမ္ဘာမှအချစ်ခံအရုပ်ကောင်လေး(MM Translation)
Vampiriကျန်းရှန်က အဆောက်အဉီးအမြင့်ကနေ ပြုတ်ကျသွားခဲ့တယ် သူ့ကိုယ်သူသေမယ်လို့ထင်နေပေမဲ့ တကယ်တမ်းသူ့ဂိဉာဉ်က တခြားကမ္ဘာတစ်ခုကို အချိန်ခရီးထွက်သွားတယ်။ ဒီထပ်ပိုပြီး အံ့သြစရာကောင်းတာက သူက ကလေးမွေးဖွားရမဲ့ လူတစ်ယောက်ရဲ့ကိုယ်ထဲ ရောက်သွားတာပဲ.... "သောက်ကျိုးနဲ.. င...