Chapter-30(ချစ်နေကြတယ်.. တကယ်ကြီးလား?)

9.6K 1.5K 23
                                    

Unicode  ❤️❤️

'F*ck!! ရန်ဖြစ်မဲ့အစား ငါ့ဟာငါပဲ အေးဆေးနေတော့မယ်.. ငါ့ရဲ့အင်အားတွေကို သူတို့နှစ်ယောက်အတွက် မသုံးနိုင်ဘူး'

ကျန်းရှန် နေရာမှထွက်မသွားခင် မြင်းတစ်ကောင်ကဲ့သို့ မနက်စာအား မြန်နိုင်သမျှမြန်မြန်စားလိုက်သည်။ ဒါပေမဲ့ သူစားတာအရမ်းမြန်လွန်းတာကြောင့် လည်ချောင်းထဲတွင် နင်သွားကာ  အသက်ရှူနိုင်ရန် ရင်ဘတ်အား ထုနေသည်။

"ငါမင်းကိုအငတ်ထားထားခဲ့လို့လား??"

ဖေးစစ်ရန် ကျန်းရှန်အား မျက်လုံးလှန်ကြီးပြီး ရေတစ်ခွက်အား ထည့်ကာ ကျန်းရှန်အား ကမ်းပေးလိုက်သည်။

ကျန်းရှန်လည်း သူ့အားကမ်းပေးတဲ့ခွက်ကို ယူကာ တကျိုက်တည်းမော့သောက်လိုက်သည်။ ထို့နောက် မျက်မှောင်ကြုတ်ပြီး
"သေတော့မယ်လို့ကိုထင္လိုက်တာ..  တော်တော်ဆိုးဝါးတာပဲ"

"နင် အစားအသောက်တွေကို အရင်ကမမြင်ဖူးလို့လား.. ဒီလိုစားဖို့မလိုပါဘူး"
ဖေးလုလုက ကျန်းရှန်အား စိတ်ပျက်စွာကြည့်ရင်းပြောလိုက်သည်။

ဒါက ကျန်းရှန်ကိုပေါက်ကွဲစေမိသည်။ သူ့လက်သီးတို့အား တင်းကြပ်စွာဆုပ်ကာ ဖေးမောင်မှမအားအော်လိုက္သည္။
"ပါးစပ်ပိတ်ထား နှစ်ယောက်လုံး!!"

'ပြောသာပြောရတယ်.. အခုဟာက ဘဟ်သူ့အမှားဆိုတာကို သူတို့သိကြရဲ့လား?? မဖြစ်ဘူး မဖြစ်ဘူး.. စိတ်လျော့ ကျန်းရှန်.. ဒေါသထွက်တာ မင်းကျန်းမာရေးအတွက်မကောင်ဘူး.. သူ့တို့ကြောင့္နဲ့ ကိုယ့်ကိုကိုယ်အထိခိုက်မခံမိစေနဲ့'

ကျန်းရှန် ရုတ်တရက် သက်ပြင်းရှည်ချကာ လက်သုတ်ပဝါဖြင့် ပါးစပ်သာ အသာအယာသုတ်ပြီး
"မနက်စာ စားလု့ိပြီးပြီ"

ဖေးစစ်ရန်ဘာမှမပြောခင် ကျန်းရှန် နေရာမှထကာ ထွက်သွားလိုက်သည်။

"ဟဲ့ နင်ဒီတိုင်းထွက်သွားတော့မလို့လား?? ငါစကားပြောတာမဆုံးသေးဘူးလေ"

ကျောပေးထားသော ကျန်းရှန်အား လက်ညိုးထိုးကာ ဖေးလုလုအော်ပြောလိုက်သည်။

"စိတ်ရှုပ်ဖိုကောင်းလိုက်တာ... ငါစိတ်မဝင်စားဘူး"
ကျန်းရှန် ပြန်လှည့်ကြည့်ခြင်းမရိှပဲ ​ပြန်ဖြေလိုက်သည်။

Rebirth:တစ်ခြားကမ္ဘာမှအချစ်ခံအရုပ်ကောင်လေး(MM Translation)Donde viven las historias. Descúbrelo ahora