Chapter-48(ခြေထောက်နှိပ်ပေးခြင်း)

8.2K 1.3K 13
                                    

Unicode💗💗

"ညစာအစာပြေစားနေကြတာလား မင်းတို့အားလုံး??"

ပိုင်ဟောင် ရေယူရန် အောက်ထပ်ကိုလာကာ အားလုံးကို တွေဝေစွာကြည့်လိုက်သည်

ဒီအိမ်ကြီးထဲတွင် ညစာအစာပြေစားတတ်တဲ့လူ တော်ရုံမရိှတတ်သောကြောင့်ပင်။

'ခန?? လေထုက မကောင်းပါလား'

ပိုင်ဟောင် ဖေးလုလုကိုကြည့်ပြီး ကျန်းရှန်ကို တစ်လှည့်ပြန်ကြည့်လိုက္သည္။

'စကားအများဆုံးနှစ်ယောက်က ဒီနေ့ကျတော့ ဘာလို့ ငြိမ်နေကြတာလဲ'

"မင်းရော ငါတို့နဲ့အတူ စားအုံးမလား"  ဖေးစစ်ရန် ခံစားမှုကင်းမဲ့သော မျက်နှာဖြင့်မေးလိုက်သည်။

"အာ..ရတယ် ကျေးဇူးပဲ ငါမစားတော့ဘူး"

ပိုင်ဟောင် ပြတ်ပြတ်သားသားငြင်းလိုက်သည်။ သူ အောက်ထပ်ကို လာရတဲ့အကြောင်းအရင်းက ဟေးမင် အတွက် ရေလာယူပေးခြင်းသာဖြစ်သည်။ အကယ်၍ သူ နောက်ကျမှ ပြန်လာရင် ဟေးမင် သူ့ကို ရစ်နေလိမ့်မည်။

ပုံမှန်မဟုတ်တဲ့ လေသံကြောင့် ဖေးစစ်ရန် ပိုင်ဟောင္ကို ကြည့်လိုက်တော့ လည်ပင်းမှ အမှတ်အသားများကို တွေ့သည်။

ဖေးစစ်ရန် မျက်မှောင်ကြုတ်ကာ
'ကြည့်ရတာ ငါမရိှတဲ့ အတောအတွင်း ကိစ္စတွေတော်တော်များများ ဖြစ်သွားတာပဲ'

"ကဲ.. ငါလည်း အခန်းထဲပြန်သွားလိုက်အုံးမယ္"

ဖေးစစ်ရန် စိုက်ကြည့်နေတာကြောင့် ပိုင်ဟောင် ထိတ်လန့်လာကာ ရေခဲသေတ္တာတံခါးအား ပိတ်ပြီးသည်နှင့် ချက်ချင်းထွက်သွားလိုက်သည်။

"သူဘာဖြစ်နေတာလဲ. သူ့ကြည့်ရတာ အားနည်းနေသလိုပဲ!"   ကျန်းရှန် ထွက်သွားသော ပိုင်ဟောင်ကို ကြည့်ကာ ပြောလိုက္သည်။

"ဘယ်သိပါ့မလဲ  သူ ပင်ပန်းနေလို့နေမှာပေါ့"
ဖေးလုလုက နွားနို့တစ်ငုံသောက်လိုက်ရင်း ဂရုမစိုက်စွာဖြေလိုက္သည်။

ဖေးစစ်ရန်ကတော့ အေးတိအေးစက်ဖြင့် တချိန်လုံး ရှေ့တည့်တည့်သို့သာ ကြည့်နေသည်။ သူ့ရဲ့ အသံတိတ်အကြည့်က ကျန်းရှန်နဲ့ ဖေးလုလုကို နောက်တစ်ကြိမ်စကားပြောရန် ကြောက်ရွံ့စေနေသည်။

Rebirth:တစ်ခြားကမ္ဘာမှအချစ်ခံအရုပ်ကောင်လေး(MM Translation)Where stories live. Discover now