Unicode
'သူတို့ကို မှတ်လောက်အောင်ချပစ်! သခင့်ယောက်ျား!!'
သေတွင်း အား မသိရှာသော မှော်ငါးမှာတော့ ဘေးနားမှ အားမာန်အပြည့်ဖြင့် အားပေးနေသည်။
မှော်ငါး၏ စိတ်အား သိပုံပေါ်သော ပိုင်ဟောင်က ထိုငါးဆီသို့ မျက်လုံးလှိမ့်ကြည့်လိုက်သည်။
သို့သော် အလွန်အလေးအနက်ထားနေသည့်ပုံသို့ ဖြစ်ပေါ်လာသည်။
'လက်ရိှ အခြေအနေကငါတို့အတွက် မကောင်းတော့ဘူး
သူတို့ ငါတို့ဆီလာလိမ့်မယ်ဆိုတာသိပေမဲ့ နောက်ကျရုံးထုံးစံပဲ ရိှခဲ့တယ် ဒါပေမဲ့ ဒီတစ်ခါမှာတော့ ပို အစောရောက်နေတယ်... ဒီမြို့ရဲ့ ဝန်ကြီးချုပ်က ပျင်းနေလို့ပဲလား ဒါမှမဟုတ် သူ မျက်စိဒေါက်ထောက်စောင့်ကြည့်ချင်တဲ့ သားရဲကို စောင့်ကြည့်ခိုင်းပြီး အချိန်တန်ရင် သတ်ပစ်ခိုင်းအုံးမှာလား??''အစီအစဉ်က ဘယ်လိုလဲ? ငါတို့ ပြန်တိုက်ခိုက်ကြရမလား' ပိုင်ဟောင်က ဖေးစစ်ရန်အား ခပ်တိုးတိုးမေးလိုက်သည်။
ဖေးစစ်ရန်က မျက်မှောင်ကိုသာကြုတ်ကာ အသံတိတ်နေသည်။ သို့သော် သူ့ဒေါသစိတ်တို့အား ဖိနှိပ်ထားရသည်မှာ မလွယ်ကူလှပေ။
ခနအကြာမှသာ အေးစက်သောအသံအနေအးဖြင့် ဖေးစစ်ရန်က
"ငါ သူတို့နဲ့ လိုက်သွားလိုက်မယ်.. ငါးကြော်နဲ့အတူ ကျန်းရှန်ကို သွားရှာလိုက်ပါ"'မဖြစ်ဘူး! ငါးကြော်က ခင်ဗျားလေ! ခင်ဗျားတို့ တမျိုးလုံးကသာ ငါးကြော် မျိုးရိုးတွေ!!'
ချက်ချင်းပင် မှော်ငါးလည်း ဒေါသထွက်လာကာ သူ၏ မကျေနပ်မှုအား ပြသရန် ရေယက်တို့အား တဖျပ်ဖျပ် ခတ်နေသော်လည်း ထိုလှုပ်ရှားမှုကပင် သူ့အား ပိုချစ်စရာကောင်းစေသည်။
"ကောင်းပြီ"
ပိုင်ဟောင်လည်း ဖေးစစ်ရန် ထိုလူတို့အား ဘာကြောင့် ဆန့်ကျင်ခြင်းမပြုသည်ကို နားလည်ပြီးသားပင်။ ယခုမြို့တွင် သူတို့အတွက် အသက်ဆက်ရှင်သန်နိုင်ရန် လိုအပ်နေသေးသည်။
"သွားကြရအောင်! ငါးကြော် .. မင်းရှေ့က လမ်းပြပေး"
ပိုင်ဟောင်သည် မှော်ဝင်ငါးအား လက်ပေါ်တွင် ထားလိုက်ပြီး နောက်သို့လှည့်ကြည့်ခြင်းမရိှ အရှိန်ဖြင့် နေရာမှ ထွက်သွားတော့သည်။
YOU ARE READING
Rebirth:တစ်ခြားကမ္ဘာမှအချစ်ခံအရုပ်ကောင်လေး(MM Translation)
Vampireကျန်းရှန်က အဆောက်အဉီးအမြင့်ကနေ ပြုတ်ကျသွားခဲ့တယ် သူ့ကိုယ်သူသေမယ်လို့ထင်နေပေမဲ့ တကယ်တမ်းသူ့ဂိဉာဉ်က တခြားကမ္ဘာတစ်ခုကို အချိန်ခရီးထွက်သွားတယ်။ ဒီထပ်ပိုပြီး အံ့သြစရာကောင်းတာက သူက ကလေးမွေးဖွားရမဲ့ လူတစ်ယောက်ရဲ့ကိုယ်ထဲ ရောက်သွားတာပဲ.... "သောက်ကျိုးနဲ.. င...