Chapter-88(ငါးကြော်ဘဝ မရောက်ပါရစေနဲ့!)

5K 774 20
                                    

Unicode ❤️❤️

ငါးကြော်ဘဝမရောက်ပါရစေနဲ့!

ကျန်းရှန်နှင့် ဖေးစစ်ရန် အောက်ထပ်သို့ မနက်စာသွားစားနေချိန်တွင် မှော်ဝင်ငါးလေးကတော့ ပြတင်းပေါက်အပြင်တွင်သာရ ရိှနေသည်။

ထိုငါးက စိတ်ဆိုးလာကာ အတားအဆီးအား အတင်းအကျပ်ရုန်းကန်ရန်ကြိုးစားသော်လည်း အားထုတ်မှုအားလုံးသည် အကျိုးမရိှပေ။ သူကတော့ ဖေးစစ်ရန်ရဲ့ မှော်စက်ဝန်းထဲမှာတင် ပိတ်မိနေသည်။

'ဟာ..! မကောင်းတဲ့လူ.. မကောင်းတဲ့လူကြီး?  ခင်ဗျားက ကျွန်တော့်သခင်ရဲ့ ယောက်ျားဖြစ်နေရုံနဲ့ ကျွန်တော့်ကို အနိုင်ကျင့်လို့မရဘူး!  အခုချက်ချင်း လွှတ်ပေး!  သခင့်အနားပဲ နေချင်တယ်'

သူဘာပြောလဲ ဘယ်သူမှနားမလည်သလို စကားလည်းသေချာမပြောနိုင်တာကြောင့္ အော်ဟစ်ရုံသာ တတ်နိုင်တော့သည်။

ရုတ်တရက် ထိုမှော်ဝင်ငါးလေး၏ မျက်လုံးတို့ စူးရှလာကာ နောက်သို့ လှည့်၍ လေထု၏ အငွေ့အသက်အား အနံ့ခံကြည့်လိုက္သည်။

"သမန်းဝံပုလွေတွေရဲ့ အနံ့ပဲ ပြီးတော့ အကွာအဝေးက အရမ်းနီးနေပြီ... သခင့်မှာအန္တရာယ်ရိှနေပြီ"

ရုတ်တရက် သူ့၏မျက်လုံးသည် နီရဲလာကာ ခန္ဓာကိုယ်က တဖြည်းဖြည်းကြီးထွားလာပြီး ဖေးစစ်ရန်၏ ထောင်ချောက်မှ လွတ်ထွက်သွားသည်။ ထို့နောက် ချက်ချင်းပင် စံအိမ်၏ အစွန်းတစ်ဖက်သို့ အပြေးထွက်သွားသည်။

မကြာခင်မှာတင် လူတွေရဲ့ အော်ဟစ်သံကို ကြားလိုက်ရသည်။ မှော်ဝင်ငါးကတော့ မျက်နှာပေါ်တွင် စိတ်ကျေနပ်မှုအပြည့်ဖြင့် ခန္ဓာကိုယ်အား လှုပ်ရွအား ပြန်လာသည်။

သေချာအနီးကပ်ကြည့်လျှင် ကြီးမားသောဟင်းလျာတစ်ခုခုကိုသုံးဆောင်ထားသည့်ပုံပေါ်လွင်စေမည့် ဖောင်းကားနေသော ဝမ်းဗိုက်ကို တွေ့ရလိမ့်မည်

မလှမ်းမကမ်းရိှ ခြံအနောက်ဘက်မှ ကျန်းရှန်ထွက်လာသည်ကို တွေ့တော့ ပျော်ရွှင်မြူးတူးစွာဖြင့် ရေယပ်တို့အားလှုပ်ရှားရင်း ကျန်းရှန်ဆီသို့   'ဝှစ်'  ဟူသော အသံနှင့်အတူ အမြန် ပြေးခုန်အုပ်လိုက်သည်။

Rebirth:တစ်ခြားကမ္ဘာမှအချစ်ခံအရုပ်ကောင်လေး(MM Translation)Where stories live. Discover now