အပိုင်း(104) လူသားနှင့် ချစ်မိခြင်း

1K 104 1
                                    

Unicode (လူသားနှင့် ချစ်မိခြင်း)

' ဒီ လူသားကောင်က ဘာလုပ်နေတာလဲ!'

ရုတ်တရက်ပိုင်ဟောင်ထျန်း မျက်မှောင်ကြုတ်လာပြီး ချက်ချင်းဆိုသလိုပင် ထိုကောင်လေးအား လေထဲသို့လွင့်အောင် လွှင့်ပစ်တော့မည့်ပုံပေါ်လာသည်။ သူ့ဒေါသကို အာရုံခံမိသော အစေခံတစ်ယောက်က သူတို့နှစ်ယောက်ရဲ့စကားအား စကားစဝင်ဖြတ်ပေးရတော့သည်။ သူမက မိုရှောင်ဖန်းအား "မင်းရဲ့တာဝန်က သခင်လေးရဲ့ နေ့စဉ်တာဝန်ကို ဂရုစိုက်ပေးရုံပါပဲ ကျန်တာ ကျွန်မတို့ပဲ လုပ်လိုက်ပါမယ်"

"နားလည်ပါပြီ"

မိုရှောင်ဖန်း သူမအား ရိုရိုသေသေဖြင့်သာ ခေါင်းညိတ်ရင်းဖြေလိုက်ပြီး သူမရဲ့နောက်ထပ်အကြံပြုချက်တွေကို စောင့်‌ဆိုင်းနေလိုက်သည်။

'လူသားတွေက အဲ့လိုပဲ အမူအကျင့်ကောင်းတွေ ရှိကြတာလား?' မိုရှောင်ဖန်ရဲ့အပြုအမူကြောင့် သူမ အတွေးရှုပ်သွာူရသည်။ သူမကိုယ်တိုင်လဲ လူသားတွေနဲ့ တခါမှ ဆက်သွယ်ပြောဆိုဖူးခြင်းမရှိတာကြောင့် သေချာမသိပေ။

"ခရီးဆောင်သေတ္တာတွေ ပါလား ပါလာရင် မင်းရဲ့အခန်းကို တပါတည်း ပို့ပေးထားပါမယ်"

"ယူမဲ့ပစ္စည်းတွေ ကျွန်တော်နဲ့အတူ အကုန်ပါပါတယ်ဗျ"

မိုရှောင်ဖန်း ထိုင်ခုံနားသို့ အမြန်ပြေးကာ ခရီးဆောင်သေတ္တာအား လက်ထဲတွင် ကိုင်ထားလိုက်သည်။

'ဒီနေရာက တော်တော်မိုက်တာပဲ! လစာ တစ်လကို ယွမ်သုံးထောင်လဲပေးတယ် အစားအသောက်လဲကျွေး နေရာထိုင်ခင်းပါပေးသေးတယ်'

မိုရှောင်ဖန်း တစ်ယောက် အံ့အားသင့်စရာ ကမ်းလှမ်းမှုအကြောင်း စိတ်ထဲတွေးရင်း ပျော်နေသော်လည်း သူမသိတာတစ်ခုက ပိုင်ဟောင်ထျန်းသည် တခြားသူများ၏ စိတ်ကို ဖတ်နိုင်သည့်အစွမ်း‌ရှိနေသည်ဆိုတာကိုပင်။ ရှောင်ဖန်းမှာတော့ ပျော်နေသော်လည်း သူ့အတွေးကို ဖတ်မိတဲ့ ပိုင်ဟောင်ထျန်းကတော့ သူ့အား စိတ်ပျက်စွာဖြင့်သာ ကြည့်မိတော့သည်။

'ယွမ်သုံးထောင်? သောက်ကျိုးနဲ! ဒီအိမ်က တခြားအစေခံတွေတောင် တစ်လကို ယွမ်တစ်သောင်းထက်ပိုရတယ်
ဒီလောက်တုံးအလွန်းတဲ့ လူသားကို ငါ့အဖေ ဘယ်လိုများရှာလာလဲ တွေးလို့ကိုမရဘူး'

Rebirth:တစ်ခြားကမ္ဘာမှအချစ်ခံအရုပ်ကောင်လေး(MM Translation)Where stories live. Discover now