Unicode ❤️❤️
တစ်နာရီအကြာတွင် ဖေးဟောင် ထိုမြေအောက်ခန်းထဲမှ ထွက်လာကာ နံရံပေါ် လက်ဖြင့်ထောက်ထားရင်း ကျိန်ဆဲလိုက်သည်။
"မကောင်းတဲ့ ကောင်လေး! မင်းကို နောက်တစ်ကြိမ်ကြရင် ငါသင်ခန်းစာပြန်ပေးပြမယ်! ငါ့ကို တွန်းအားပေးနိုင်တဲ့ အားတွေ ဘယ်ကရလာတာလဲ?"ကျိန်ဆဲနေရတာနဲ့တင် အားမရတာကြောင့် နံရံကိုပါ ကန်လိုက်သည်။
ကံအားသင့်လျော်စွာ သူ့ရဲ အင်အားကို ထိန်းချုပ်နိုင်ခဲ့သည်။ တစ်နည်းပြောရရင် သူ့ရဲ့ နတ်ဆိုးစွမ်းအားကြောင့် နံရံအား အပေါက်ဖောက်မိမတတ်ပင်
"အဆင်ပြေရဲ့လား ပါမောက္ခဖေး? ပါမောက္ခကျန်း မင်းကို အနိုင်ကျင့်ပြန်ပြီလား?"
နေ့လယ်စာစားပြီးပြန်လာသော ပါမောက္ခတစ်ယောက်က ဖေးဟောင်ပုံစံကိုမြင်တော့ စနောက်ကာပြောလိုက်သည်။
ပြောရမယ်ဆိုရင်တော့ "အနိုင်ကျင့်တယ်" ဆိုတဲ့စကားလုံးက ရုပ်ပိုင်းဆိုင်ရာ ထိခိုက်အောင် လုက်တာကို ပြောခြင်းပင်။ တခြားအဓိပ္ပါယ်ဖြင့် ပြောခြင်းတော့မဟုတ်။
"မင်းက နတ်ဆိုးလေ! ဘာလို့ မင်းက ပါမောက္ခ ကျန်းထက်တောင် အားနည်းနေရတာလဲ? သူက လူသားတစ်ယောက်သာသာပဲလေ?"
ထိုလူတွေပြောတာကြားတော့ ဖေးဟောင် အော်ပြောတော့မိမလိုပင်။ သို့သော်လည်း သူနဲ့မဆိုင်တဲ့ကိစ္စဖြစ်တာသည့်အပြင် သူတို့သိတဲ့အကြောင်းအရာတွေက ဖေးဟောင်အား ရယ်မောစေမိသည်။
သို့သော်လည်း ထိုသူတို့ပြောတဲ့စကားက ဖေးဟောင်အား အသိဝင်စေသည်။
'ဟုတ်သားပဲ! ကျန်းဟော့က လူသားတစ်ယောက်ပဲကို ဘာလို့ ငါ့စွမ်းအားတွေကို ဖိနှိပ်ထားနိုင်ရတာလဲ? ပုံမှန်ဆို ငါ့ကိုယ်ငါ ခုခံတော့မယ်ဆိုရင် ဘယ်တော့မှ မညှာတာတတ်ဘူးလေ'ရုတ်တရက် ဖေးဟောင် တစ်ကိုယ်လုံး တောင့်ခဲသွားသည်။ ကျန်းဟော့က ဘယ်လို ကွဲပြားခြားနားနေလဲဆိုတာကို သူမသိနိုင်သေးသည်အထိ တောင့်ခဲနေဆဲပင်
'ဒါမှမဟုတ် သူက သန်မာနေတာများလား? လူသားတွေမှာလည်း ဒီလိုစွမ်းအားများ ရိှတတ်ကြတာပဲ? လက်ဗလာနဲ့ ကားကို မတဲ့လူသားတွေကို ငါသတင်းထဲမှာ မြင်ဖူးတယ်.. အဲ့တော့ ဒါ ဘါမှမဟုတ်လောက်ပါဘူး'
YOU ARE READING
Rebirth:တစ်ခြားကမ္ဘာမှအချစ်ခံအရုပ်ကောင်လေး(MM Translation)
Vampireကျန်းရှန်က အဆောက်အဉီးအမြင့်ကနေ ပြုတ်ကျသွားခဲ့တယ် သူ့ကိုယ်သူသေမယ်လို့ထင်နေပေမဲ့ တကယ်တမ်းသူ့ဂိဉာဉ်က တခြားကမ္ဘာတစ်ခုကို အချိန်ခရီးထွက်သွားတယ်။ ဒီထပ်ပိုပြီး အံ့သြစရာကောင်းတာက သူက ကလေးမွေးဖွားရမဲ့ လူတစ်ယောက်ရဲ့ကိုယ်ထဲ ရောက်သွားတာပဲ.... "သောက်ကျိုးနဲ.. င...