Chapter-4(ဒီခန္ဓာကိုယ်မှာကောင်းကျိုးရိှသားပဲ)

15.9K 2.2K 11
                                    

Unicode 🧛‍♂️🧛‍♂️

သွေးအဝသောက်ပြီးမှ ကျန်းရှန် စိတ်ကျေနပ်စွာ နှုတ်ခမ်းတို့အား လျှာနဲ့သက်က စိတ်သက်သာရာရသွားတော့သည်။သူ့မျက်လုံးများက သဲသဲကွဲကွဲမမြင်ရသေးတဲ့အပြင် သူ့ခန္ဓာကိုယ်ကလည်း ထိန်းချုပ်မှု ကင်းမဲ့နေသည်။ထိုအချိန် တခန သူ့ကိုယ်သူ သေတော့မယ်လု့ိကို ကျိန်းသေတွက်ထားလိုက်မိတာ အမှန်ပင်။

'သွေးတွေ​ေသောက်လိုက်ရလို့ ဗိုက်တင်းသွားမှပဲ နေသာထိုင်သာ ရိှသွားတော့တယ်' 
ကျန်းရှန် သူ့ဗိုက်သူ ပွတ်ရင်း ရေရွတ်မိသည်။

"စိတ်ကျေနပ်သွားပြီလား?" ဖေးစစ်ရန်ရဲ့ အသံသည် ကြည်လင်ခြင်းပါဝင်ပြီး မရေရာစွာ မေးလိုက်သည်။

ထိုအသံကြောင့် ကျန်းရှန် အနဲငယ်အံအားသင့်သွားရသည်။ သို့ပေမဲ့လည်း အတတ်နိုင်ဆုံး စိတ်ငြိမ်အောင်ထားကာ ဖေးစစ်ရန်ရဲ့ မျက်နှာအား ကြည့်လိုက်မိချိန်တွင် သူ့ကိုယ်သူ အရင်ကနဲ့မတူပဲ တမူထူးခြားနေသလို ခံစားနေရသည်- သူသည် ဖေးစစ်ရန်ရဲ့ မျက်နှာအစိတ်အပိုင်းတစ်ခုချင်းစီကို အသေးစိတ်မြင်နေရပြီး ဖေးစစရန် ဘာအဝတ်အစားဝတ်ထားသည်ကအစ မြင်နေရသည်။

"ငါ့မျက်လုံးတွေ.... ​အခုကောင်းကောင်းမြင်နေရတယ်?"

ပြတင်းပေါက်အပြင်ဘက်ကိုကြည့်မိတော့ အပြင်ဘက်တွင် မှောင်မိုက်နေသော်လည်း ကျန်းရှန်မြင်ကွင်းထဲတွင်တော့ တစ်မြို့လုံးရဲ့ ရှုခင်းတို့ကို သေချာမြင်နေရသည်။

'ဒီတေါ့ ဒါက ဗန်ပိုင်းယားတွေရဲ့စွမ်းအားပေါ့... ဒီမျက်လုံးတွေက ထက်မြက်လိုက်တာ... အတော်အံ့သြဖို့ကောင်းတာပဲ..'

ကျန်းရှန် သူ့လက်သူ ပြန်ကြည့်မိတဲ့အချိန်မှာ အံ့သြစွာ ပင့်သက်ရှိုက်မိတော့သည်။ အကောင်းပကတိအတိုင်းဖြစ်နေတဲ့သူ့လက်က သူ့ကို အံ့အားသင့်စေနေသည်  တစ်နေ့လုံး သွေးထွက်နေတဲ့ သူ့လက်က  တခါမှဒဏ်ရါမရဖူးသလိုမျိုး သက်သာသွားတာပဲ!

'ဒါက ဒဏ်ရါပြန်ကုသနိုင်တဲ့အစွမ်းလား!.. စွရမ်းလန်းတာပဲ..!  ကြည့်ရတာ ဗန်ပိုင်းယာရုပ်ရှင်ဇာတ်ကားတွေက သေချာစုံလင်အောင် မပြသဘူးပဲ..ဘာပဲဖြစ်ဖြစ် သူတို့လည်း ဗန်ပိုင်းယားတွေအကြောင်း အနဲဆုံးတော့သိကြတာပဲ..  ဗန်ပိုင်းယားတွေရဲ့အစွမ်းတွေအကုန်က အားသာချက်တွေချည်းပဲ'

Rebirth:တစ်ခြားကမ္ဘာမှအချစ်ခံအရုပ်ကောင်လေး(MM Translation)Hikayelerin yaşadığı yer. Şimdi keşfedin