Chapter-20(ကျန်းရှန်ရဲ့ အော်သံ)

11.2K 1.6K 17
                                    

Unicode 🧛‍♂️🧛‍♂️

"ဒါနဲ့... ကျန်းရှန်ရဲ့ သေဆုံးမှုကိစ္စ အဆင်ပြေအောင်စီစဉ်ပြီးသွားပြီလား"

"အကုန်စီစဉ်ပြီးပါပြီ.. suicide case အဖြစ် ကျွန်တော်တို့ အယောင်ဆောင်ထားလိုက်ပါတယ် မနက်ဖြန်သတင်းမှာလဲ ကြေညာပါလိမ့်မယ်"

"​ကောင်းတယ်.. သခင်ကြီးရဲ့ ဝိဉာဉ်ကို တခြားကိုယ်ထဲလဲလှယ်လိုက်တာက ငါတို့အတွက် အကောင်းဆုံးရွေးချယ်မှုပဲ... လက်ရိှ ကျန်းရှောင်ကိုယ်ထဲမှာ သခင် နေနေတာကို ဟိုခွေးကောင်တွေ ရိပ်မိမှာမဟုတ်ဘူး.. ငါတို့ သခင့်ကို ကယ်တင်နိုင်လိုက်ပြီး ဖေးစစ်ရန်ရဲ့ဘေးနားကို သူတို့ကိုယ်တိုင်ပို့ထားနိုင်လိုက်တာပဲ"

"ရူးမိုက်ရာကျပေမဲ့ တခါတလေမှာ အန္တရာယ်အရိှဆုံးနေရာက အလုံခြုံဆုံးဖြစ်နေတတ်တယ်..  ဒါ သခင့်ရဲ့ အမြော်အမြင်ရှိတဲ့ ရှေ့ဖြစ်ဟောတမ်းနဲ့ အရိပ်အမြွက်တွေ​ကိုကျေးဇူးတင်ရမယ်"

"ဒါပေမဲ့ ဖေးစစ်ရန်ကလည်း နတ်ဆိုးတစ်ကောင်ပဲလေ! သခင့်ကို သူ့နားပို့ထားတာ အဆင်ပြေပါ့မလား"
လူတွေထဲမှ တစ်ယောက်က မေးလိုက်သည်။

"စိတ်လျော့စမ်းပါ.. ငါတို့သခင်က ကျန်းရှန်နဲ့ကျန်းရှောင် နှစ်ယောက်စလုံးနဲ့  ပုံစံတူနေတော့  ဒီမျက်နှာကြောင့် ဖေးစစ်ရန် ဘယ်တော့မှ အခက်တော့မှာမဟုတ်ဘူး"
.......
ဟေးမင်၏ တိုက်ခိုက်ခြင်းခံရပြီး ဆယ်နာရီအကြာ,ဖေးစစ်ရန် အိမ်၌.....

"အား!!!"

ရေချိုးခန်းမ လာတဲ့ အသံနက်ကြီးကတော့ ကျန်းရှန်ရဲ့အသံပါပဲ။ သူ့ရဲ့အော်သံက ကျယ်လွန်းလို့ မျက်နှာကျက်တွေ ပြိုကျမတတ်ပဲ

ဖေးစစ်ရန် အခန်းထဲက ခုံပေါ်တံင်ထိုင်ကာ စာရွက်စာဆမ်းများစစ်ဆေးနေချိန် ကျန်းရှန်ရဲ့ အော်သံကြောင့် စိတ်ပျက်စွာ မျက်မှောင်ကြုတ်မိသည်။ ထို့နောက် ရေချိုးခန်းသို့လာကာ စိတ်မရှည်တော့သော မျက်နှာဖြင့်
"ဘာဖြစ်လို့ အဲ့လောက်အော်နေရတာလဲ!"

"ချီးကို မအော်ပဲ နေရမှာလား!ဘာ..ဘာလို့... ကျွန်တော့်အောက်မှာ.. မိန်းမ မျိုးပွါးအဂင်္ါပါနေရတာလဲ.. ဘာတွေဖြစ်နေတာလဲ?!"

Rebirth:တစ်ခြားကမ္ဘာမှအချစ်ခံအရုပ်ကောင်လေး(MM Translation)Where stories live. Discover now