Chapter-12(ကြံစည်မှုလား တိုက်ဆိုင်မှုလား)

12.2K 1.8K 11
                                    

Unicode 💛💛

"ကျွန်တော်တို့ တောင်းပန်ပါတယ်.. သူဌေးရဲ့ခွင့်ပြုချက်မပါပဲ အပြင်ထွက်ခွင့်ပေးလို့မရပါဘူး"

ကျန်းရှန် အိမ်ကနေ ထွက်လာတော့ စံအိမ် အရှေ့တံခါးပေါက်သို့ ရောက်လာသည်။ အစောင့်တွေက သူ့အား အပြင်သို့ထွက်ခွင့်မပေးပေ။

"ငါက ဖေးစစ်ရန်မွေးထားတဲ့ခွေးလား!! ငါမှာအပြင်ထွက်ခွင့်တောင် မရိှတော့ဘူးလား.. အဓိပ္ပါယ်မရိှဘူးကွာ...!"
ကျန်းရှန် လုံခြုံရေးအစောင့်တို့ကို ဒေါသထွက်စွာအော်ပြောလိုက်သည်။

ဒီနေ့ဖြစ်တဲ့ ဆိုးဝါးသောကိစ္စတွေကြောင့် ကျန်းရှန် စိတ်မကြည်ချင်..

"ကျေးဇူးပြုပြီး စံအိမ်ကိုပဲ ပြန်သွားပါ "

အစောင့်တွေကအစ အေးတိအေးစက် ခံစားချက်ကင်းမဲ့သော မျက်နှာထားဖြင့် ကျန်းရှန်အား ပြန်ခိုင်းနေသည်။

"ကောင်းပြီ.. ငါ့ဟာငါပဲ အိမ်ထဲ ပြန်ဝင်တော့မယ်"
ကျန်းရှောင် ဒေါသထွက်ထွက်ဖြင့်အော်ပြောကာ လာရာလမ်းအတိုင်း စံအိမ်သို့ ပြန်သွားလိုက်သည်။

ထိုအချိန်တွင် ဖန်းရှောင်က ကျေနပ်နေသောအပြုံးတို့ဖြင့် ကျန်းရှန် ဆီသို့ ဉီးတည်ကာလာသည်။

ကျန်းရှန်လည်း ဘာမဟုတ်တဲ့ကိစ္စကြောင့် ဖန်းရှောင်နဲ့ အပြိုင်ငြင်းဆန်ဖို့ အားမရိှတာကြောင့် သူ့လမ်းသူသာ ဆက်သွားလိုက်သည်။

"မင်းမသိချင်ဘူးလား?? ဘာလို့ ဖေးစစ်ရန်က မင်းမျက်နှာကိုမြင်တဲ့အခါတိုင်း ဒေါသထွက်လဲဆိုတာကို..??"

ဖန်းရှောင် ကျန်းရှန်အား ကျောပေးလျက်အနေအထားဖြင့် ကြည်လင်စွာမေးလိုက်သည်။

"မင်း ဘာကိုပြောချင်တာလဲ?"
ကျန်းရှန် နေရာမှာတင်ရပ်တန့်ကာ ဖန်းရှောင်ရိှရာသို့ မျက်မှောင်ကြုတ်ရင်း လှည့်ကြည့်လိုက်သည်။

ဖန်းရှောင်  ကျန်းရှန်ဘက်သို့ မျက်နှာမူလိုက်ပြီး
"ဒါတွေအားလုံးက မင်းရဲ့မျက်နှာကြောင့်ပဲ.. မင်းရဲ့မျက်နှာက စစ်ရန် ချစ်မိခဲ့ဖူးတဲ့ လူတစ်ယောက်နဲ့ ချွတ်စွပ်တူနေလို့ပဲ.."

Rebirth:တစ်ခြားကမ္ဘာမှအချစ်ခံအရုပ်ကောင်လေး(MM Translation)Where stories live. Discover now