Chapter-35(ကျန်းရှန်ကို ဂရုစိုက်လာပြီ)

10.7K 1.5K 14
                                        

Unicode ❤️❤️

ဖုန်းအား ကိုင်ထားရင်းနှင့် ဖေးစစ်ရန် မျက်မှောင်ကြုတ်ကာ.. စက္ကန့်ပိုင်းအတွင်း ဖုန်းထပ်ခေါ်လိုက်သည်။သို့ပေမဲ့ ဖုန်းထဲမှ ကြားရသောအသံက ကျန်းရှန် ဖုန်းကိုစက်ပိတ်ထားကြောင်း ပြောနေသလိုပင်။

"ဒီအနှောင့်အယှက်လေးကတော့!"  ဖေးစစ်ရန် ဒေါသထွက်လာကာ ဖုန်းး လက်ထဲတွွ တင္းတင်းဆုပ်ကိုင်ထားပြီး သူ့တစ်ကိုယ်လုံးသည် အေးစက်လာသည်။

အစည်းအဝေးခန်းတွင်ရိှနေသော အလုပ်အမှုဆောင်တွေကတော့ အသံပင်မထွက်ရဲချေ။ထိုင်နေရင်းနဲ့ သူ့တို့ခြေထောက်ကိုသာ ငုံ့ကြည့်နေကြသည်။

ပြီးတော့ ကုမ္ပဏီခွဲ တွေဆီ အလုပ်ကိစ္စနဲ့ ခရီးထွက်လာတဲ့ သူတို့ သူဌေး ဒီလိုမျိုး အာရုံပျံ့လွင့်တာမျိုးကို ထူးထူးဆန်းဆန်းမြင်တွေ့နေရတာကြောင့် သိချင်စိတ်တော့ ပြင်းပြနေကြသည်။

"အဟမ်း... မစ္စတာဖေး"

အတွင်းရေးမှူးပိုင်က လည်ချောင်းရှင်းကာ ဖေးစစ်ရန်အား အသိပေးလိုက်သည်။

ဖေးစစ်ရန်ကတော့ လှည့်ကြည်ခြင်းမရိှ ပိုင်ဟောင့်ဆီ စာရိုက်နေရင်း အေးတိအေးစက်သာအမိန့်ပေးလိုက်သည်။

"အစည်းအဝေး ဆက်လုပ်ကြမယ်"

အတွင်းရေးမှူးပိုင် စက္ကန့်ပိုင်းမျှ ကြောင်တောင်တောင်ဖြစ်သွားပြီးမှ ပြန်တုံ့ပြန်လိုက်သည်။
"ဟုတ်ကဲ့.."
သူမက အလုပ်အမှုဆောင်တွေနှင့္ အစီရင်ခံစာတို့အား ဆက်လုပ်လိုက်သည်။

သူမ သက်ပြင်းချကာ
'သူ့ဇနီးဆီ ဖုန်းဆက်နေတာမဟုတ်လား... တစ်ခါမှ ဖုန်းဆက်တာမျိုးငါမတွေ့ဖူးဘူး'

တစ်ဖက်တွင်တော့ ဖေးစစ်ရန်ပို့လိုက်တဲ့message ကို ရလေသည်။ ဆေးစစ်ချက်ရလဒ်ကို သူ့လက်ထဲတွင် ကိုင်ထားပြီး ထို message ကို ဖွင့်ကြည့်လိုက်သည်။ စိတ်ရှည်ပုံမပေါ်တော့တဲ့ ဖေးစစ်ရန်က  ပိုင်ဟောင့်ဆီ ဖုန်းခေါ်လိုက်သည်။

"ဘာလဲ??"  ပိုင်ဟောင် မေးလိုက်သည်။
အခုက ဖေးစစ်ရန်သည် ခရီးရဲ့ လမ်းတစ်ဝက်တွင်သာ ရိှနေအုံးမည်။ ပြီးတော့ ဒီအချိန်က သူ့အလုပ်ရဲ့ မနက်ခင်းအစည်းအဝေးထိုင်နေသည့်အချိန်ပင်။ တစ်နည်းပြောရရင် သူ့ဆီ ဖုန်းခေါ်ဖို့တောင် အချိန်မရသည့် အချိန်ပင်။

Rebirth:တစ်ခြားကမ္ဘာမှအချစ်ခံအရုပ်ကောင်လေး(MM Translation)Onde histórias criam vida. Descubra agora