Chapter-83(အလုပ်က ကျွန်တော့်ထက် အရေးကြီးလား)

6K 878 22
                                        

Unicode ❤️❤️

အလုပ်က ကျွန်တော့်ထက် အရေးကြီးလား?

"မင်း တကယ်ကြီး ငါ့ကို လိမ်နေတာမလား?"

သခင်ဟောင်သည္ ရှန်ဇီဟောင် ဆီသို့ ကမူးရှူထိုးသွားကာ ကော်လံစအား ဆွဲ၍ မေးလိုက်သည္။

"ဖေးစစ်ရန်နောက်ကို ငါ လူတစ်ယောက်လွှတ်ထားတယ်  ငါ့လက်အောက်ငယ်သားက ကားနောက်ခန်းထဲမှာ လန်ယွမ်  ထိုင်နေတာကို သေချာ​မြင်ခဲ့တယ် မင်းမယုံရင် ကိုယ့်ဘာသာကိုယ်ကြည့်"

ရှန်ဇီဟောင်က ဓာတ်ပုံတစ်ပုံအား ထုတ်ကာ သခင်ဟောင်ဆီ ကမ်းပေးလိုက်သည်။

သခင်ဟောင်သည် ထိုဓာတ်ပုံအား စိတ်လှုပ်ရှားစွာဖြင့်ယူကာ ကြည့်္လိုက်ချိန်တွင် သူ သေချာပေါက်ရင်းနှီးနေပြီးသောဖြစ်သော မျက်နှာတစ်စုံအားတွေ့ရသည်။

ကျေနပ်အားရမှုတို့က သူ့မျက်နှာတွင် ပေါ်လွင်လာပြီး မကြာခင်မှာတင် လန်ယွမ်အား လက်မောင်းထဲတွင် ပွေ့ဖက်ထားသော ဖေးစစ်ရန်ကိုမြင်သည့်အချိန်၌ မျက်နှာ ကျသွားသည်။

"သေလိုက်တော့!  ဖေးစစ်ရန်..မင်းက ဒီဘဝမှာတောင်မှ လန်ယွမ့်ကို ငါ့ဆီ မပေးဘူးပဲ ဟုတ်လား!"

သခင်ဟောင်သဘ် လက်ထဲကဖုန်းက ဒေါသထွက်စွာဖြင့် အစိတ်စိတ်အမွှာမွှာဖြစ်အောင် ချေမွလိုက်ကြီး အမှိုက်ပုံးထဲသို့ ထည့်လိုက္သည်။

"အလုပ်အတူ တွဲလုပ်ကြရအောင် သခင်ကြီးဟောင်..  လန်ယွမ် ငါတို့လက်ထဲရောက်လို့ရင် တစ်ယောက်ကို 50-50 ဆီ ဝေစုခွဲမယ်လေ ဘယ်လိုလဲသဘောတူလား?"

ရှန်ဇီဟောင္သည် မျက်လုံးထောင့္စွန်းမှ စောင်းငဲ့ကြည့်ကာ ခပ်ပြုံးပြုံးဖြင့် ​မေးလိုက်သည်။ သူ့ အင်္ကျီကော်လံစကို ဆွဲသည့်အတွက် စိတ်ဆိုးခြင်းမရိှသည့်ပုံပင်။

ဘယ်လိုပဲ သူ့အပြုံးသည် ဖြူစင်ဟန်ပြနေပါသော်လည်း နှုတ်ခမ်းထောင့်စွန်းတွင် ထင်ရှားစွာရိှနေသော အမာရွက်က သူ့အား ဗီလိန်အသွင်သို့ဆောင်စေသည္။

"50-50  အိုခေလေ"

သခင်ဟောင်က ပြုံးကာ သဘောတူညီလိုက်ပြီး ရှန်ဇီဟောင်ရဲ့အင်္ကျီကော်လံစအား လွှတ်ပေးလိုက်သည်။

Rebirth:တစ်ခြားကမ္ဘာမှအချစ်ခံအရုပ်ကောင်လေး(MM Translation)Donde viven las historias. Descúbrelo ahora