Chapter-15(သူ့ကိုမစ္စဖေးလို့ခေါ်ခွင့်ပေးထားလို့လား!)

11.2K 1.7K 23
                                    

Unicode  🧛‍♂️🧛‍♂️

"ခင်ဗျားရဲ့ ဝန်ထမ်းတွေက ခင်ဗျားကို တော်တော်ကြောက်ကြတာပဲ..."

ဖေးရဲ့ ရုံးခန်းကို လှည့်ပတ်ကြည့်ပြီးနောက် ကျန်းရှန် ဆိုဖာပေါ်ထိုင်လိုက်ရင်း မေးလိုက်သည်။

"ခင်ဗျားပေါ်လာတဲ့အချိန် ဝန်ထမ်းတွေ အသက်တောင်မရှူရဲကြဘူးဆိုတာ ကျွန်တော် ခံစားမိတယ်"
ကျန်းရှန် ပြောရင်း စားပွဲနားတွင် လမ်းလျှောက်နေသော သွေးအေးတဲ့မျက်နှာထားနဲ့ ဖေးစစ်ရန်အား လှမ်းကြည့်လိုက်သည်။

'အခုရော.. ဘာဖြစ်ရပြန်ပြီလဲ,, ငါ့ကို စကားတစ်လုံးမှတောင် ပြန်မပြောတော့ဘူး.. သူ့ဘာသာသူ ငါကို အတင်းအကြပ်ခေါ်တုံးကခေါ်ပြီး အခုကျတော့ လျစ်လျူရှုထားပြန်ပြီ.. ကောင်းပြီလေ.. သူတောင် အချိန်အတော်ကြာအောင်စကားမပြောပဲနေနေမှာတော့ ငါလဲ ငါ့ဘာသာငါ တီဗီကြည့်နေရုံပဲပေါ့'

ကျန်းရှန် ဆိုဖာပေါ်တွင်လဲလျောင်းကာ ခြေကိုထောင်လျက် အခန့်လေးစားသောအမူအရာဖြင့် တီဗီကြည့်ရန် ဖွင့်လိုက်သည်။ သက်တောင့်သက်သာဖြစ်လှသည်က မသိရင် သူ့အိမ်သူရောက်နေတဲ့အတိုင်းပင်

ဖေးစစ်ရန် ထိုအပြုအမူကိုမြင်တော့ မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။သို့ပေမဲ့ သူ့မျက်နှာထက်တွင် သိချင်စိတ်ပြင်းပြသည့် ပုံစံဖြစ်ပေါ်လာသည်။

'သူ ပြန်နိုးလာတဲ့ လွန်ခဲ့တဲ့နှစ်ရက်ကစပြီး အမူအရာတွေပြောင်းလဲလာတယ်  တစ်ခြားလူတစ်ယောက်ဖြစ်သွားတဲ့အတိုင်းပဲ.. အရင်လို ငါ့ကို မကြောက်တော့သလို ငါ့ကိုလဲ ပြန်ခံပြောရဲလာတယ်.. တခြားလူတွေနဲ့လည်း ပုံမှန်အတိုင်း ပေါင်းသင်းဆက်ဆံလာနိုင်တယ်.. သူတကယ်ပဲ မှတ်ဉာဏ်ပျောက်ဆုံးသွားတာလား.. ဒါမှမဟုတ် သူကိုက ဒီလိုမျိုးရိုးရိုးသားသားပဲနေတတ်တာလား ဒါမှမဟုတ် နောက်ထပ် ထောင်ချောက်တစ္ခုလား?ဘယ်လိုပဲ ဖြစ်ဖြစ် မင်းရဲ့ပုံစံက ဟိုခွေးကောင်တွေ သူ့ဘာသာသူ ထွက်ပေါ်လာအောင် မျှားခေါ်ပေးနိုင်မဲ့ အကောင်းဆုံး ငါးစာတစ်ခုပဲ..'

"Hey... ကျွန်တော်မေးနေတာကို ဘာလို့ပြန်မဖြေတာလဲ ပြီးတော့ ဘာလို့ ကျွန်တော့်ကို ခိုးကြည့်နေတာ ဘာသဘောလဲ"

Rebirth:တစ်ခြားကမ္ဘာမှအချစ်ခံအရုပ်ကောင်လေး(MM Translation)Where stories live. Discover now