Chapter-19(လက်စားချေရန်ဝိဉာဉ်လဲခြင်းလား)

11.3K 1.7K 14
                                    

Unicode 🍂🍂

ကျန်းရှန် အဆောက်အဉီးပေါ်က ပြုတ်ကျခဲ့တဲ့နေ့ကို စဉ်းစားကြည့်ရင်

ထူးဆန်းတဲ့ရဲတိုက်တစ်ခု၏ မြေအောက်ခန်းမှ တစ်နေရာ၌...

မှောင်မိုက်၍ စိုထိုင်းထိုင်းဖြစ်နေသောလမ်းကြားတွင် မဖော်ပြနိုင်အောင် ဆန်းကြယ်တဲ့ သတ္တဝါဆန်းတို့ရဲ့ ဟိန်းသံသည် ပဲ့တင်ထပ်နေသလို... ထိုနေရာသည်လည်း အမှောင်ထုနှင့် အကြောက်တရားတို့ လွှမ်းမိုးနေသည်။

အခန်းများစွာထဲမှ တံခါးတစ်ချပ်ဖြည်းငြင်းစွာ ပွင့်ဟလာသည်။ မှော်စက်ဝန်းထဲတွင် မီးခိုရောင်ဆံပင်နှင့် အဘိုးအိုတစ်ယောက် ကန့်လန့်ဖြတ်ထိုင်ကာ နှုတ်မှ မှော်ဂါထာတချို့အား ရွတ်ဖတ်နေသည်။

အချိန်ခနအကြာမှာတော့ သူ့ပါးစပ်မှ သွေးများစွာ အန်ထွက်လာသည်။ သူ့အရှေ့တွင် ရိှနေသော သေတ္တာများထဲမှ တစ်ခုသည် အစိတ်စိတ်အမွှာမွှာဖြင့် ကြေမွပျက်စီးနေပြီ။ အခြားတစ်ခုကတော့ မသဲကွဲစွာမြင်ရသော အနီရောင်ဖျော့ဖျော့ဖြင့် လင်းလက်နေပြီး သေတ္တာတစ်ခုလုံး လေထဲတွင် လွင့်မျောနေသည်

ထိုသေတ္တာနှစ်ခုတွင် နာမည်စာရွက်ကပ်ထားသည်
တစ်ခုက 'ကျန်းရှောင်' နောက်တစ်ခုကတော့ 'ကျန်းရှန်'
အစိတ်စိတ်အမွှာမွှာဖြင့် ကြေမွသွားသော အပိုင်းအစရိှ နာမည်သည် 'ကျန်းရှန်' ပင်။

"ဘိုးဘိုး... အဆင်ပြေရဲ့လား??"

အသက်ခပ်ငဟ်ငယ်ရိှသော မိန်းကလေး မှော်စက်ဝန်းအတွင်းသို့ ဝင်ကာ အဘိုးဖြစ်သူအား တွဲထူးပေးလိုက်သည်။

အဘိုး၏ပါးစပ်မှ သွေးများအဆက်မပြတ်ထွက်နေပြီး အတော့်ကို နာကျင်မှုအား ပြင်းစွာ ခံစားနေရသည်။

ရုတ်တရက်ဆိုသလို သူ့လက်မောင်းတွင်ရိှနေသော အကွေးအကောက်အကြောင်းတွေက မီးတောက်များထလာကာ တခနအတွင်း အဘိုးကြီး၏ခန္ဓာကိုယ်တစ်ခုလုံးအား မီးလောင်မြိုက်သွားတော့သည်။

သူ့အားတွဲထူပေးနေသော မိန်းကလေးအား အဝေးသို့ အမြန် တွန်းထုတ်ကာ ထိတ်လန့်စွာဖြင့် လှမ်းအော်လိုက်သည်။
" သွေး!.. ငါ့ သခင်ရဲ့သွေးကို လိုအပ်တယ်.. သခင့်ရဲ့သွေးကို ငါ့ကိုအမြန်ပေး,,!"

Rebirth:တစ်ခြားကမ္ဘာမှအချစ်ခံအရုပ်ကောင်လေး(MM Translation)Onde histórias criam vida. Descubra agora