Unicode ❤️❤️
လူသားရဲတေွွမှာလည်း heat ဖြစ်စဉ်ရိှတယ်
'Yep! ကိုယ့်ဘာသာကိုယ်ပဲ ဆက်လုပ်ကြပါ.. ငါ ဂရုကိုမစိုက်တော့ဘူး'
ပိုင်ဟောင်က သူခွေးစာအကျွေးခံနေရသည်ကို ဘာမှမမြင်သလို ဟန်ဆောင်လိုက်သည်။
(Note; သူတို့ ro နေတာကို ဘေးနားကနေ ထိုင်ကြည့်နေရတယ်လို့ ဆိုလိုတာပါ အစာမျှော်နေတဲ့ခွေးလို့ ပြောတာ😆)
ရုတ်တရက် ဖုန်း၏ တုန်ခါလာမှုကြောင့် ယူကြည့်လိုက်တာ့ phone contact တွင် 'Organizator No.1 ' ဟူသည့် နာမည်က မျက်နှာပြင်ပေါ်တွင္ ရိှနေသည်။
"မင်းဆီ ဖုန်းဝင်နေတယ်"
ဖေးစစ်ရန်ဆီသာ ဝင်လာသော ဖုန်းဖြစ်တာကြောင့် အနောက်တွင် ထိုင်နေသော ဖေးစစ်ရန်အား ပိုင်ဟောင် ဖုန်းပေးလိုက်သည်။
ဖေးစစ်ရန် ကျန်းရှန်ကို လွှတ်ပေးလိုက်ပြီး ဖုန်းcontact ကိုကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။
'အဲ့တာ ဘယ်သူလဲ? ဘာလို့ သူ့ကို မျက်မှောင်ကြုတ်အောင်လုပ်နိုင်တာဲ?'
ဖေးစစ်ရန်မျက်နှာပေါ်မှ အကြည့်ကို မြင်တော့ ကျန်းရှန်း မျက်နှာသည် သိချင်စိတ်များ ဖုံးလွှမ်းသွားသည်။ ဖေးစစ်ရန်အား 'ဘဲအိုကြီး' ဟု ခေါ်လိုက်မိတာကြောင့် ဖေးစစ်ရန် သူ့အား စိတ်ဆိုးသွားသော်လည်း စက္ကန့်ပိုင်းအတွင်းမှာတင် သူ့ပုံစံသည် ပြောင်းလဲသွားသည်။
"တောင်းပန်ပါတယ်.. မှော်ဝင်ငါးရဲ့ အဆီကို မင်းတို့ကို မရောင်းနိုင်တော့ဘူး B.O.H" ဖေးစစ်ရန်က ဖုန်းအား ကိုင်ကာ သူ့ဘက်က အရင်ဆုံးတောင်းပန်လိုက်သော်လည်း သူ့အသံသည် ထိုင်းမှိုင်းနေပြီး စိတ်ဝင်စားခြင်းမရိှတာကြောင့် တောင်းပန်တာလား မတောင်းပန်တာလားဆိုတာကို သေချာအောင်မပြောနိုင်ပေ။
"ဘာ? ငါတို့ကို မရောင်းနိုင်ဘူး? လာနောက်နေတာလား ဖေးစစ်ရန်? မင်းရဲ့ မှော်ဝင်ငါးကို ရဖို့ ငါတို့ ဘယ်လောက်လောက် စောင့်လိုက်ရတယ်ထင်လဲ? နှစ်ပေါင်း၁၀၀နီးပါးစောင့်လိုက်ရတယ်! ပြီးတော့ အခုကျမှ မင်းက ငါတို့ကို မရောင်းနိုင်ဘူး? မင်း ငါ့ကို အရူးကွက်လာနင္းနေတာလား! ငါတို့ကို ဇယားလာရှုပ်ရတာကို ပျော်စရာထင်နေတာမဟုတ်လား?" တစ်ဖက်မှ ဖုန်းခေါ်ဆိုသူသည် ဒေါသအကြီးအကျယ်ထွက်နေသည်။
YOU ARE READING
Rebirth:တစ်ခြားကမ္ဘာမှအချစ်ခံအရုပ်ကောင်လေး(MM Translation)
Vampireကျန်းရှန်က အဆောက်အဉီးအမြင့်ကနေ ပြုတ်ကျသွားခဲ့တယ် သူ့ကိုယ်သူသေမယ်လို့ထင်နေပေမဲ့ တကယ်တမ်းသူ့ဂိဉာဉ်က တခြားကမ္ဘာတစ်ခုကို အချိန်ခရီးထွက်သွားတယ်။ ဒီထပ်ပိုပြီး အံ့သြစရာကောင်းတာက သူက ကလေးမွေးဖွားရမဲ့ လူတစ်ယောက်ရဲ့ကိုယ်ထဲ ရောက်သွားတာပဲ.... "သောက်ကျိုးနဲ.. င...