Chapter-50(လန်ဟွမ်ရဲ့ လူဝင်စားခြင်း)

9K 1.4K 18
                                    

Unicode ❤️❤️

လန်ဟွမ်ရဲ့ လူဝင်စားခြင်း

"မင်းသူ့ကိုတွန်းအားပေးခဲ့တာလား?"

ဖေးစစ်ရန် ပိုင်ဟောင် လည်ပင်းမှ အမှတ်အသားတို့ကို ညွှန်ပြကာ ဟေးမင်ကို စိုက်ကြည့်ရင်း မေးလိုက်သည်။

"ခန့်မှန်းကြည့်လေ"

ဟေးမင်က မခန့်လေးစားသည့် အပြုံးဖြင့် ပြုံးလိုက်တာကြောင့် ဖေးစစ်ရန် သူ့မျက်နှာအား ထိုးလိုက်သည်။ ဖေးစစ်ရန်က အားပြင်းပြင်းဖြင့် ထိုးလိုက်တာကြောင့်ဟေးမင်မျက်နှာ တစ်ဖက်သို့လည်ထွက်ကာ နှာခေါင်းမှ သွေးများ အဆက်မ​ပြတ်ကျဆင်းလာသည်။

"ငါ့လက်အောက်ကလူက မင်းရဲ့ကစားစရာအရုပ်မဟုတ်ဘူး"  ဖေးစစ်ရန် ဟေးမက်ကို ခြိမ်းခြောက်သံပါသည့် အသံအနိမ့်ဖြင့် ပြောလိုက်သည်

"သူ့အမှားမဟုတ်ပါဘူး.. ငါမှားတာပါ.. ငါမှားတာ"

ပိုင်ဟောင် အမြန် ပြေးဝင်လာပြီး ဟေးမင်ကို သူ့ခန္ဓာကိုယ်ဖြင့် ကာပေးထားသည္။ ပိုင်ဟောင်မျက်လုံးများတွင် မျက်ရည်စများရှိနေပြီး နီရဲတွတ်နေသည်။

"လုပ်စမ်းပါ.. ဟာသအနေနဲ့ပြောတာပဲလေ.. ငါ့ကို ခပ်ပြင်းပြင်းရိုက်လိုက်တာလား ဒုတိယအကို"

ဟေးမင် ပါးစပ်အပြည့် သွေးတို့အား ထွေးထုတ်လိုက်ကာ သွေးတွေပေနေသော သွားဖြင့် အံကြိတ်လိုက်ကာ နှုတ်ခမ်းစွန်းမှ သွေးစတို့အား လက်ဖြင့်သုတ်လိုက်သည္။

"မင်းလည်းသိတယ်မလား သူ heat ဖြစ်နေတာကို"

ဟေးမင် သူ့ပါးစပ်အား နောက်တစ်ကြိမ်ပြန်သုတ်ကာ ပြောလိုက်သည်။

"သူ ခုခံဖို့ဆန္ဒရိှနေရင်တောင် ငါ့ဘက်က ဘာမှမလုပ်ပေးနိုင်ခဲ့ဘူး.. ငါတို့ သဘောတူညီချက်နဲ့ ငါတို့လုပ်ခဲ့တာပဲ.. မင်း ဒေါသထွက်မနေနဲ့တော့. ငါ မင်းနဲ့ အလုပ်ကိစ္စပြောစရာရိှတယ်"

ဟေးမင် ဘေးနားသို့သွားကာ ဆိုဖာပေါ်သို့ ထိုင်လိုက်ပြီးနောက် သူ့ရဲ့ မျက်စောင်းထိုးတွင်ရိှသော ဆိုဖာအား လက်ဖြင့်ညွှန်ပြကာ ဖေးစစ်ရန်အား ထိုင်ရန် ညွှန်ပြနေခြင်းပင်။

Rebirth:တစ်ခြားကမ္ဘာမှအချစ်ခံအရုပ်ကောင်လေး(MM Translation)Where stories live. Discover now