Chapter-66(ပိုင်ဟောင်ထျန်းအတွက်အချိန်မရိှတော့ဘူး)

7.7K 1.2K 11
                                    

Unicode ❤️❤️

ပိုင်ဟောင်ထျန်းအတွက် အချိန်မကျန်တော့ဘူး

"ခန နေပါအုံး သခင်လေးကျန်း"
ရှုဝမ်းရှန်က ရုတ်တရက် ကျန်းရှန်အား တားဆီးလိုက်သည်။

ကျန်းရှန် နောက်သို့လှည့်ကာ မျက်စောင်းထိုးကြည့်ပြး
"ဘာလဲ?"

'ငါ အခု အိမ်ပြန်ရတော့မှာလေ. ငါ့ကို ဒီတိုင်း လွှတ်ထားပေးလို့မရဘူးလား'

"သခင်လေးရဲ့ ကံကြမ္မာအတွက် သင်္ကေတ ကြည့်ပေးချင်ပါတယ် သခင်လေးကျန်း"

"ကျွန်တော့်မှ အချိန်မရိှတော့လို့ နောက်တစ်ခါမှ ပေါ့... တာ့တာ!"

ကျန်းရှန် ဖေးစစ်ရန်အား ဆွဲခေါ်ကို နောက်သို့ ှည့်ကြည့်ခြင်းမရိှ အမြန်ပြေးထွက်သွားလိုက်သည်။

"ဒါဆို ငါတို့သွားပြီ"
ပိုင်ဟောင်က ရှုဝမ်းရှန်အား ခေါင်းညိတ်ပြလိုက်ပြီး ဖေးစစ်ရန်တို့နောက် အမီလိုက်ရန်ထွက်သွားသည္။ သို့သော်လည်း ဟေးမင်က သူ့အားပြန်ဆွဲထားသည်။

"ဘာလဲ! မင်း ဘာလိုချင်လို့လဲ!?"
ပိုင်ဟောင် မျက်မှောင်ကြုတ်လိုက်ကာ ဟေးမင်အား မကျေမနပ်ဖြင့် ပြောလိုက္သည်။

ဟေးမင် ပိုင်ဟောင့်အား တိတ်တဆိတ်ကြည့်ကာတစ်စုံတစ်ခုအား ပြောရန် ပါးစပ်ဖွင့်လိုက်သောလည်း သူ့လျှာကိုသာ သူပြန်ကိုက်လိုက်ပြီး သူ့ပုံစံကလည်း ဝမ်းနည်းပုံပေါ်နေသည်။

သို့သော်လည်း သူ့ခံစားချက်သူ ဖုံးကွယ်ကာ ပြောင်ချော်ချော္ ပုံစံဖြင့်
"ကိုယ် မင်းတို့နဲ့ ကျန်းအိမ်တော္ကိုတော့ မလိုက်နိုင်တော့ဘူး.. ကိုယ့်အချိန်ဇယားထဲမှာ တစ်ခုခုလုပ်ဖို့ရိှနေလို့"

"မင်းကို ဘယ်သူမှ မမေးဘူး"

ပိုင်ဟောင် ဟေးမင်အား ဖယ်ကာ အဝေးသို့ တွန်းထုတ်လိုက္သည္။

ဟေးမင် သူ့လက်တို့အား တဖန် ပြန်ဆန့်ထုတ်လိုက္ပြီး အနဲဆုံးတော့ ပိုင်ဟောင္ ထွက်မပြေးခင်လေးတွင် ထိုလက်တို့ဖြင့် ဆွဲထားလိုက်ချင်မိသည်

ရုတ်တရက် ဟေးမင် ဝမ်းနည်းသွားသည်။ သူ့လက်တို့အား ကြည့်ပြီး ခါးသက်သောအပြုံးက သူ့မျက်နှာတွင် ပေါ်လွင်လာသည်။

Rebirth:တစ်ခြားကမ္ဘာမှအချစ်ခံအရုပ်ကောင်လေး(MM Translation)Where stories live. Discover now