Chapter-67(ကျန်းရှန် ထွက်သွားမှာကို ကြောက်ရွံ့တယ်)

7.8K 1.2K 30
                                    

Unicode ❤️❤️

ကျန်းရှန် ထွက်သွားမှာကို ကြောက်ရွံ့တယ်

"မင်းရဲ့ အချိန်ကို သုံးလိုက်မိတဲ့အတွက် တောင်းပန်ပါတယ်"

ဟေးမင် ဒီမှါ အချိန်ဆက် မဖြုန်းချင်တော့တာကြောင့် အမြန် ထွက်သွားလိုက်သည်။

ဟေးမင် ထွက်သွားပြီးနောက် စာဖတ်ခန်းအပြင်မှ အဘိုးကြီးသည် အထဲသို့ ဝင်လာပြီး ရှုဝမ်းရှန်ဆီသို့ သွားကာ
"သခင်လေး.. သခင်လေးမှာ လန်ဟွမ်ရဲ့သွေးရိှတာကို ဘာလို့မပြောလိုက်တာလဲ"

ရှုဝမ်းရှုန် အတန်ကြာ ငြိမ်သက်နေပြီးမှ ပေါ့ပါးစွာဆိုလိုက်သည်။
"လန်ဟွမ်ရဲ့သွေးက ငါတို့အသတ်ခံရမဲ့ အရှုပ်ထုတ်တစ်ခုပဲဖြစ်လာနိုင်မှာ...  ဒါ့ကြောင့် သွေးကို ဒီတိုင်းထားထားတာက အမှန်ကန်ဆုံးပဲ"

ရှုဝမ်းရှန်က သူ့ရဲ့ ကျောက်စိမ်းပြားကို လက်ထဲတွင် ကိုင်ထားကာ ထိုအရာအားကြည့်ရင်း ပြောလိုက်သည်။

ထို​ကျောက်စိမ်းပြားပေါ်တွင်တော့ ရှုကျန်းနန် ဟူ၍ထွင်းထားသော နာမည်တစ်ခုရိှနေသည်။

ရှုဝမ်းရှန် နာကျင်သည့်ပုံဖြင့် ထိုကျောက်စိမ်းပြားမှ ခါးမှ ပြန်ယူကာ ထိုအရာအား မမြင်ချင်တော့တာကြောင့် အံဆွဲထဲသို့ ထည့်လိုက်သည်။

ထိုအရာအား​မြင်တော့ အဘိုကြီး၏ မျက်နှာတွင်လည်း ဝမ်းနည်းပူဆွေးမှုအရိပ်အယောင်တို့ ပေါ်လာသည်။ သို့သော် ဘာမှ ပြောဆိုခြင်းမရိှပဲ ရှုဝမ်းရှန်ဖြင့်သာ နေနေသည်။

တစ်ဖက်က ကျန်းအိမ်တော်သို့ ဉီးတည်သွားနေသော ကျန်းရှန်နဲ့ ဖေးစစ်ရန်တို့ဘက်တွင်တော့ ကျန်းရှန်သည် ကားထဲတွင် စိတ်လှုပ်ရှားနေသည်။ ဒီလမ်းအား ဉီးတည်၍ လာကတည်းက ကျန်းရှန်သည် သူနဲ့မတူစွာ ထူးထူးခြားခြားပြုမူနေသည်။

ဖေးစစ်ရန်ကတော့ သူ့အား တိတ်တဆိတ်ကြည့်နေပြီး သူ့မျက်ဝန်းတွင် ဝမ်းနည်းသည့် အရိပ်မယောင်တို့ သမ်းဝေနေသည်။

ရုတ်တရက် ပိုင်ဟောင့်အား "ဘယ်ကို ချိုးလိုက်"

ပိုင်ဟောင်ကတော့ ကြောင်တောင်တောင်ဖြစ်သွားရှာသည်။
'ဘယ်ဘက်? အဲ့တာ ကျန်းအိမ်တော်နဲ့ ဆန့်ကျင်ဘက် လမ်းမဟုတ်လား'

Rebirth:တစ်ခြားကမ္ဘာမှအချစ်ခံအရုပ်ကောင်လေး(MM Translation)Where stories live. Discover now