Unicode ❤️❤️
ကျန်းရှန် ပျောက်ဆုံးခြင်း
'ဘာလို့ ခင်ဗျားပဲ ဖြစ်နေရတာလဲ? ဘာလို့ ကျွန်တော့်ကို ထပ်ပြီး ကြော်စားချင်သေးလို့လား ဟမ်??'
မှော်ဝင်ငါး ပြန်လာသည်ကို တွေ့တော့ အချစ်ပင်အား သယ်ထားသော ဖေးစစ်ရန်သည် မျက်မှောင်ကြုတ်လိုက်မိသည်။
လွန်ခဲ့သော နှစ်မိနစ်ခန့်က အောက်ထပ်တွင် အချစ်ပင်တွေ ကျန်ခဲ့တာကြောင့် ကျန်းရှန်က ဖေးစစ်ရန်အား အပေါ်ထပ်သို့သယ်လာပေးရန် ပြောခဲ့ခြင်းပင်။ ဒါ့ကြောင့် ဖေးစစ်ရန်နှင့်အတူ ကျန်းရှန် ရိှမနေခြင်းသာဖြစ်သည်။
ဖေးစစ်ရန်အား တစ်ယောက်တည်းသာတွေ့ရတာကြောင့် မှော်ဝင်ငါးသည် မျက်လုံးတွေ ပုတ်ခတ်ပုတ်ခတ်လုပ်ကာ ဖေးစစ်ရန်အနောက်သို့ ကူးခတ်ပြီး ကျန်းရှန်အား ရှာဖွေသော်လည် မတွေ့ပေ။ ဖေးစစ်ရန်အရှေ့သို့ ပြန်လည်ကူးခတ်သွားပြီး အမြီးကို အားကိုးကာ မတ်တပ်ရပ်သည့်ပုံစံဖြင့် ဖေးစစ်ရန်အားမေးလိုက်သည်။
"သခင် ဘယ်မှာလဲ? ခင်ဗျား သခင့်ကို ဘယ်နားဝှက်ထားလဲ?"
သို့သော်လည်း ထိုငါးသည် အမှန်တကယ် စကာမးမပြောနိုင်တာကြောင့် သူဘာတွေလုပ်နေမှန်း ဖေးစစ်ရန် နားမလည်ပေ။ ဒါ့ကြောင့် မှော်ဝင်ငါးအား ဘေးတစ်ဖက်သို့ စိတ်မရှည်စွာဖြင့် ပုတ်ထုတ်လိုက်သည်။
"အချစ်ရေ!"
ကျန်းရှန်အား ကုတင်ပေါ်တွင် မတွေ့ရတာကြောင့် ရေချိုးခန်းတွင် ရိှနေသည်အမှတ်ဖြင့် ဖေးစစ်ရန် အော်ခေါ်လိုက်သည်။
သို့သော် တစ်ဖက်မှ တုံ့ပြန်သံမကြားရပေ။
"အချစ်? ကိုယ့်ဇနီးလေး ဘယ်ရောက်နေတာလဲ??"
ဖေးစစ်ရန်အပြေးအလွှားရှာဖွေေသော်လည်း ရှာမတွေ့ပေ။ ဘန်ဂလိုတွင် ရှာကြည့်သော်လည်း ကျန်းရှန်အား မတွေ့ပေ။
"ဘာဖြစ်တာလဲ?? ငါ့ကို ရှာဖို့ အောက်ထပ်ကို ဆင်းသွားတာများလား??" ဖေးစစ်ရန် စဉ်းစားရကြပ်ကာ သူ့ကိုယ်သူ တီးတိုပြောနေသည်။
ထိုအချိန်တွင် မှော်ဝင်ငါးသည် ဖေးစစ်ရန်နောက်သို့ တစ်လျှောက်လုံး လိုက်ကပ်နေပြီး ချစ်စရာကောင်းသောမျက်လုံးများဖြင့် ဖေးစစ်ရန်အား ကြည့်နေသည်။
YOU ARE READING
Rebirth:တစ်ခြားကမ္ဘာမှအချစ်ခံအရုပ်ကောင်လေး(MM Translation)
Vampireကျန်းရှန်က အဆောက်အဉီးအမြင့်ကနေ ပြုတ်ကျသွားခဲ့တယ် သူ့ကိုယ်သူသေမယ်လို့ထင်နေပေမဲ့ တကယ်တမ်းသူ့ဂိဉာဉ်က တခြားကမ္ဘာတစ်ခုကို အချိန်ခရီးထွက်သွားတယ်။ ဒီထပ်ပိုပြီး အံ့သြစရာကောင်းတာက သူက ကလေးမွေးဖွားရမဲ့ လူတစ်ယောက်ရဲ့ကိုယ်ထဲ ရောက်သွားတာပဲ.... "သောက်ကျိုးနဲ.. င...
