Chapter-57(ကျန်းရှန်ရဲ့ တုန်လှုပ်စရာကောင်းသော သွေး၏ အာနိသင်)

9.1K 1.4K 29
                                    

Unicode ❤️❤️

ကျန်းရှန်ရဲ့ တုန်လှုပ်စရာကောင်လှသော သွေး၏ အာနိသင်

"ဘာမဟုတ်တဲ့ ငါးနဲ့ ပန်းပင်..? မင်းပြောတာတော့ လွယ်တာပေါ့... ငါတို့ အဲ့တာတွေအတွက် အချိန်ဘယ်လောက်တောင်ပေးခဲ့ရလဲ မင်းတွေးမိရဲ့လား.. မှော်ဝင်ငါးကို ကောင်းကောင်းမွန်မွန်ကြီးထွားဖို့ နှစ်ပေါင်းရာချီကြာအောင် ပျိုးထောင်ခဲ့ရတာ.. အခုအချိန်လောက်ဆို ငါတို့ အဆီကို ထုတ်ယူလို့ရနေလောက်ပြီ.. ဒါကို မင်းက ကြော်ပြီးစားလိုက်တယ်?"
ကျန်းရှန်ရဲ့ တုံ့ပြန်မှုကြောင့် ပိုင်ဟောင် စိတ်ဆိုးလာသည်။

မှော်ဝင်ငါးက စျေးကြီးလွန်းတယ်ဆိုပေမဲ့လည်း သူတို့အတွက် အချိန်အများကြီးကြာအောင် အသုံးပြုခဲ့ရခဲ့ပြီး ငွေကို ထိုအရာမှ ရယူခြင်းမပြုခဲ့ပေ။

"ကောင်းပြီလေ.. ခင်ဗျားတို့အားလုံးလဲ စားခဲ့တာပဲ မဟုတ်လား.. အရသာကောင်းလှချည်ရဲ့ လို့တောင် ပြောခဲ့သေးတယ်လေ"

'မင်းတို့အားလုံးပါ ငါ့အကြွေးကို ကူဆပ်လိုက်ကြ! ဘာလို့ ငါတစ်ယောက်တည်း အကြွေးဆပ်ရမှာလဲ?'

ကျန်းရှင် စိတ်တိုလာကာ ပိုင်ဟောင့်အား မေးခွန်းထုတ်လိုက်သည်။

ကျန်းရှန်မေးတာကို ကြားတော့ ပိုင်ဟောင် ဆွံ့အသွားရသည်... ငါးတွေက တကယ် အရသာ ကောင်းလွန်းတာပဲလေ...

"ကြည့်အုံး! အခု သူတောင်ဆက်စားနေတာကို... သူ့ကိုပါအကြွေးဆပ်ခိုင်းပါလား.. ဘာလို့ ကျွန်တော့်ကိုလဲ??"
ကျန်းရန်က ငါးတွေကို ဆက်စားနေတဲ့ ဖေးစစ်ရန်အား လက်ညိုးထိူးကာ ပြောလိုက်သည်။

"ကောင်းပြီလေ.. ! မင်းက ဒီငါးတွေကို ကြော်ပစ်ဖို့ အရင်ဆုံးစီမံတဲ့သူလေ မဟုတ်လား?? ဒီငါးတွေက ငါတို့မစားပဲပစ်ထားမိရင် သက်သက်မဲ့ ဖြုန်းတီးနေသလိုဖြစ်မှာပေါ့ ပြီးတော့ ယွမ်၁၀သန်းတောင်တန်တဲ့ငါးတွေလေ..  အဲ့တာတွေကို မစားပဲ နေရင် မိုက်မဲရာကျသွားမှာပေါ့"

ကျန်းရှန်း မေးခွန်းရဲ့ ဉီးတည်ရာအား စကားလမ်းကြောင်းလွှဲကာ တစ်ခါတည်း ပိုင်ဟောင် စကားနိုင်လုလိုက်သည်။

Rebirth:တစ်ခြားကမ္ဘာမှအချစ်ခံအရုပ်ကောင်လေး(MM Translation)Nơi câu chuyện tồn tại. Hãy khám phá bây giờ