Chapter-13(ဖေးစစ်ရန်မျက်ဝန်းမှုဝမ်းနည်မှုများ)

11.9K 1.8K 6
                                    

Unicode  💕💕

"မင်းငါနဲ့ လိုက်ခဲ့.."

ရုတ်တရက် အနားသို့ရောက်လာတဲ့ ဖေးစစ်ရန်က သူ့အား အတင်းအကြပ်ဆွဲခေါ်သွားသည်။

ကျန်းရှန် အံ့သြမိနေသလို ဖေးစစ်ရန်ရဲ့ ကြမ်းတမ်းတဲ့လက်တွေကြောင့် တချိန်တည်းမှာတင် နာကျင်မှုကို ခံစားလိုက်ရသည်။ သူ့ဘက်က ဘာမှတုံ့ပြန်ချက် ပေးခွင့်မရိှလိုက်ပဲ ဖေးစစ်ရန်က သူ့အား ကားအနောက်ခန်းသို့ တွန်းထည့်လိုက်သည်။ သူကိုယ်တိုင်ကလဲ ကားအနောက်ခန်းက ထိုင်ခုံတွင်သာ ကျန်းရှန်နဲ့အတူဝင်ထိုင်လိုက်သည်။

"မောင်း.."

"အိုခေ..အိုခေ.."

ဒရိုက်ဘာထိုင်ခုံတွင် ရိှနေသော ပိုင်ဟောင်က သက်ပြင်းချရင်း ခေါင်းညိတ်လိုက်သည်။ ထို့နောက် နောက်သို့လှည့်ကာ ကျန်းရှန်အားကြည့်လိုက်သည်။

'ဘယ်လို? ဆရာဖေးက ဒီကောင်လေးကို ကုမ္ပဏီကို ခေါ်သွားမလို့လား? ဒီအကောင်ပေါက်လေး​ထွက်ပြေးမှာစိုးလို့လား.. ဒါမှမဟုတ် နောက်ထပ်သေမဲ့လူက ကျန်းရှောင်ဖြစ်သွားမှာကိုစိုးရိမ်နေတာလား..'

"ကျွန်တော့်ကို ဘယ်ခေါ်သွားနေတာလဲ"
ကျန်းရှန် ဖေးစစ်ရန်အတင်းအကြပ်ဆွဲကိုင်ထားသော လက်တို့ကြားမှ ရုန်းထွက်ရင်း အသံကျယ်ကျယ်ဖြင့် မေးလိုက်သည်။

"ပါးစပ်ပိတ်ထား!"

နောက်ဆုံးတော့လည်း ဖေးစစ်ရန်ဆီက ကျန်းရှန် ပြန်ရတာဆိုလို့ အေးတိအေးစက်ဖြင့်ဆိုတဲ့ စကားလုံးများသာ.
ကျန်းရှန် ဖေးစစ်ရန်အပေါ် အမှန်တကယ်ကို ကြောက်ရွံ့နေပြီး ထိုလူ့ရဲ့အကြည့်တစ်ချက်က သူ့ရဲ့ကြောက်စိတ်ကို ပိုမိုကြီးထွားစေသည်။ ဖေးစစ်ရန်နဲ့ ခပ်ဝေးဝေးနေရာတွင်နေရန် ကားပြတင်းပေါက်အနားထိ မရမကတိုးကပ်ကာ လမ်းတစ်လျှောက် လိုက်လာခဲ့သည်။

အပြင်ပန်းမှာတော့ ဖေးစစ်ရန်အား ပြန်ခံပြောခြင်းမရိှပေမဲ့ အတွင်းစိတ်ထဲတွင်တော့ သူပြောချင်တာတွေ အကုန် ဖေးစစ်ရန်အားပြန်ခံပြောနေမိသည်

'သေနာကြီး.. ခင်ဗျားရဲ့ ရုပ်လှလှလေးကို ဗန်းပြပြီး လုပ်ချင်ရာလုပ်လို့ရတယ်များ ထင်နေတာလား.. ကြည့်ရတာ ခင်ဗျားမှာ ဒေါသတွေပဲ စုပုံနေတယ်ထင်တယ်... ဒီခန္ဓာကိုယ်ပိုင်ရှင်က ခင်ဗျားချစ်တဲ့လူနဲ့တူနေမိတာက သူ့အပြစ်မှမဟုတ်တာ.. သူ့ကိုရှာတွေ့ပြီး အိမ်ကိုအတင်းအကြပ်ခေါ်လာတာကမှ ခင်ဗျားပဲကို...  ဒါတေါင် သူ့အပေါ် ဒေါသတွေပုံချပြီးအပြစ်တင်သေးတယ်.. ငါတော့ တကယ် ဆွံ့အဆယ်ဟေ့..'

Rebirth:တစ်ခြားကမ္ဘာမှအချစ်ခံအရုပ်ကောင်လေး(MM Translation)Donde viven las historias. Descúbrelo ahora