Chapter-62(ရုပ်ချောတဲ့လူတစ်ယောက်)

7.9K 1.3K 7
                                    

Unicode ❤️❤️

ရုပ်ချောတဲ့ လူတစ်ယောက်

နာရီဝက်အကြာတွင် အားလုံး ရှေးကျသော တရုတ်ရိုးရာစံအိမ်ကြီးတစ်ခုသို့ ရောက်လာကြသည်။

ကျန်းရှန် ကားပေါ်မှဆင်းပြီးနောက် သူ့အရှေ့တွင်ရိှသော အရာအား အံ့သြစွာကြည့်လိုက်သည်။ ဒီလိုစံအိမ်မျိုးက မြင်ရခဲသည့် ရှားပါးသော စံအိမ်မျိုးပင်။

"ဒါ ဘယ်နေရာလဲ"  ကျန်းရှန် ဖေးစစ်ရန်နောက်မှ လိုက်ရင်း မေးလိုက်သည်

ဖေးစစ်ရန် ထူးခြားဆန်းကြယ်သော အပြုံးမျိုးပြုံးကာ ဖြေလိုက်သည်။
"နိမိတ်ဖတ်သူတွေ နေတဲ့ နေရာ"

"နိမိတ်ဖတ်သူ.. ? အဲ့တာဘာလဲ.. ခင်ဗျားတို့ မှော်ကမ္ဘာက လူတွေပဲလား?"

ဖြစ်နိုင်ချေရိှတာမျိုးကို ထိုအရာမှ လွဲ၍ ကျန်းရှန် မစဉ်းစားတတ်တော့ပေ။

"အဲ့လိုတော့မဟုတ်ဘူး.. သူတို့က ထာဝရရှင်သန်နိုင်တဲ့ လူသားတွေပဲ"

ဖေးစစ်ရန် ပေါ့ပါးစွာပြောလိုက်သည်။ သူ့မျက်နှာမှ အပြုံးကတော့ တဖြည်းဖြည်းလျော့ကျလာပြီး စိတ်ဓာတ်ကျသွားသည့် ပုံပေါ်နေသည်။ ထိုစံအိမ်တွင် နေခဲ့ဖူးတဲ့ လူတစ်ယောက်အကြောင်းကို သတိရသွားမိပြီး ဝမ်းနည်းလာတယ်ဆိုတာကိုတော့ ဘယ်သူမှ သိမည်မဟုတ်ပေ။

"ဒီမှါ ထာဝရအသက်ရှင်နိုင်တဲ့လူသားတွေရိှတယ်.. တကယ်ကြီးလား?"  ကျန်းရှန်မျက်နှာသည် သိချင်စိတ်ပြင်းပြမှုများ ဖံူးလွှမ်းသွားသည်။

တစ်ဖက်က ဟေးမင်ကတော့ ကျန်းရှန်စကားကြားပြီးနောက် မျက်ခုံးနှစ်ဖက်ကို ကြုံ့လိုက်မိကာ သူ့ပုံစံသည် အလေးအနက် ထားသည့်ပုံံပေါ်နေသည်။

'ထာဝရရှင်သန်နိုင်တဲ့လူသား? သူက လန်ဟွမ်နဲ့ ပက်သက်ဆက်နွယ်တဲ​ြ လူတစ်ယောက်များဖြစ်နေမလား?'

သူတို့ ရှေ့ဂိတ်တံခါးမှ မဝင်ရသေးခင်တွင် ရှေးဟောင်းဉီးထုပ်အားဆောင်းထားပြီး နောက်ဘက်သို့ တွဲလွဲကျနေသော ကျစ်ဆံမြီးနှင့် အဘိုးကြီးတစ်ယောက်က သူတို့ဆီ အလျင်အမြန်လျှောက်လာကာ ကြိုဆိုလိုက်သည်။ ခေါင်းအား ညိတ်ရင်း
"ကြိုဆိုပါတယ် မစ္စတာဖေး"

Rebirth:တစ်ခြားကမ္ဘာမှအချစ်ခံအရုပ်ကောင်လေး(MM Translation)Where stories live. Discover now