Chapter-56(သူ့ကိုယ်သူ ပြန်ရောင်းခြင်း)

8.3K 1.4K 20
                                    

Unicode ❤️❤️

သူ့ကိုယ်သူ ပြန်ရောင်းလိုက်ခြင်း

"ဟုတ်တယ်လေ.. အစိမ်းရောင်အိမ်တော်ရဲ့ ဘေးက ရေကန်ကလေ.. ငါးတွေက ကြီးပြီး ဝဖြိုးနေပေမဲ့ ခင်ဗျားတို့က တစ်ယောက်မှ ဖမ်းပြီး စားသောက်ပွဲအတွက် ပြင်မှမပြင်ကြတာ.. ဒါ့ကြောင့် ကျွန်တော်ကူညီပေးလိုက်တာလေ.. ခင်ဗျားတို့ ကျေးဇူးတောင်တင်ရအုံးမယ် ကျွန်တော့်ကြောင့် ဒီလို အရသာရိှတဲ့ ငါးကြော်မျိုးစားရတာ... ဟုတ်တယ်မလား ဖေးစစ်ရန်?"

ကျန်းရှန်က သူကိုယ်တိုင် ပြောချင်ရာပြောရုံတင်မက ဖေးစစ်ရန်ကိုပါ ရှေ့နေငှါးလိုက်သေးသည်။

ကျန်းရှန်ပြောတာကြားပြီးနောက် ဟေးမင် ရယ်လိုက်မိကာ ချက်ချင်းပင် သူ့ကိုယ်သူ ထပ်မရယ်မိအောင္ ထိန်းချုပ်လိုက်သည်

သို့သော်လည်း ကျန်းရှန်က အခြေအနေကို နားမလည်သည့်အပြင် မီးဖိုချောင်ကို လက်ညိုးထိုးကာ ဖေးစစ်ရန်အားပြောလိုက်သေးသည်။

"အဲ့မှာ ငါးတွေအများကြီးကျန်သေးတယ်..ကျွန်တော်ထင်တာ တစ်ဒါဇင်လောက်လားမသိဘူး?  စားဖိုမှူးကို ကျွန်တော့်အတွက် ငါးတွေအခြောက်ခံဖို့ ပြောထားတာ
... အဆင်သင့်ဖြစ်ရင် ကျွန်တော်ပြောမယ်လေ"

"ငါလည်းလိုချင်တယ်... အိမ်ကို နဲနဲလောက်ယူသွားပြီး တခြားအကိုတွေကို မြည်းကြည့်္ခိုင်းရမယ်"

ဖေးလုလုက အခြောက်ခံထားသောငါးတို့ကိုလိုချင်ကြောင်း  လက်တစ်ဖက်ကိုမြှောက်လိုက်သည်။

သူမ စားနေတာက မှော်ဝင်ငါးဟု မထင်မိပဲ သာမန်ငါးလို့သာ ထင်မှတ်နေမိသောကြောင့်ဖြစ်သည်။

"သူတို့ စားလိုက်ခွင့် မရမှာကိုပဲ စိုးရိမ်မိတယ်"

နောက်ဆုံးမှာတော့ ဖေးစစ်ရန် ပါးစပ်ပွင့်လာကာ ပုံမှန်ထက်ပို၍ အေးဆေးသော်လည်း ကြောက်စရာကောင်းလှသော လေသံဖြင့် ပြောလိုက်သည်

ဖေးလုလု ကြောက်လန့်စွာဖြင့်
"ရပါတယ် ညီမ မယူတော့ဘူးနော်"

'ဘာတွေဖြစ်နေတာလဲ?? ဖေးစစ်ရန်ကြည့်ရတာ ဒေါသထွက်နေသလိုပဲ?'

Rebirth:တစ်ခြားကမ္ဘာမှအချစ်ခံအရုပ်ကောင်လေး(MM Translation)Where stories live. Discover now