Chapter-65(ရင်းယန်မျိုးနွယ်မှ မှော်ဆရာများ)

7.6K 1.1K 5
                                    

Unicode❤️❤️

ရင်းယန်မျိုးနွယ်မှ မှော်ဆရာများ

"မင်း အခုသွားလို့ရမှာမဟုတ်ဘူး.. ကျန်းမိသားစုရဲ့ အပြင်ဘက်မှ အင်အားကြီးတဲ့ အတားအဆီးတစ်ခုရိှတယ်.. လူသားတွေကလွဲလို့ ဘယ်မျိုးနွယ်စိတ်မှ ဖြတ်မသွားနိုင်ဘူး"

ရှုဝမ်းရှန် လက်ဖက်ရည်အား တစ်ငုံသောက်ပြီးနောက် ကျန်းမိသားစုဆီသွားရန်ဆုံးဖြတ်ထားပြီးဟန်ရိှနေသော ဖေးစစ်န် အားပြောလိုက်သည်။

"စွမ်းအားရိှတဲ့ သက်ရိှတွေအတွက်ပဲ ထားတဲ့ အတားအဆီး.. အဲ့ မန္တန်က ရင်းယန် မိသားစုကပဲ စီရင်နိုင်တာ မဟုတ်လား?"
ပိုင်ဟောင် အံ့သြသွားသည်

"အသေအချာပဲ"  ရှုဝမ်းရှန်က အေးဆေးတည်ငြိမ်စွာဖြင့်သာ ပြန်ဖြေလိုက်သည်။

"ဒါပေမဲ့ ရင်းယန်မိသားစုက ပျောက်ကွယ်သွားတာ ရာစုနှစ်နဲ့ချီနေပြီမဟုတ်ဘူးလား"

'တစ်ယောက်မှမကျန်တော့တာသေချာတယ်ဆိုရင် ဒီအတါးအဆီးက ဘယ်သူက လုပ်နိုင်မှာလဲ.. အတားအဆီး မန္တန်ကလည်း ပျောက်ကွယ်သွားတဲ့ ရင်းယန် မိသားစုနဲ့အတူ ပါသွားရမှာပဲ ! ဒါကို ဘာလို့ ကျန်းမိသားစုဆီမှာ အခု ပေါ်နေရတာလဲ'

"ဒါကတော့ ရှင်းပါတယ်.. ငါရှင်းပြနိုင်တာကတော့ ကျန်းမိသားစုက ရင်းယန်မျိုးနွယ်စုက ဆင်းသက်လာသူ ဖြစ်နေလို့ပဲ"
ရှုဝမ်းရှန်က မသေချာစွာဖြင့် ပြောလိုက်သည်။

"မင်းတောင်မှ ကျန်းမိသားစုအကြောင်းကို မကြည့်နိုင်ဘူးလား?"

ပိုင်ဟောင် ဒီအကြောင်းအရာအား စဉ်းစားရလွန်းလွန်း ခေါင်းတောင်ကိုက်ချင်လာသည်။

"ငါမြင်နိုင်တဲ့အရာက ဒီကမ္ဘာကြီးထဲမှာ အဆုံးသတ်ခြင်းမရိှဘူး"

သို့သော်လည်း ကျန်းမိသားစုကသာ ရင်းယန် မျိုးနွယ်ကနေ ဆင်းသက်လာသူတွေသာ ဖြစ်နေခဲ့မယ်ဆိုရင် မှော်ဝင်သက်ရိှတွေကြားထဲမှာ အကြီးအကျယ်ကို ပရမ်းပတာဖြစ်သွားနိုင်သည်။

မှော်ဝင်သက်ရိှများဟု လူသားများကိုအပထားပြီး မျိုးစိတ်တစ်ခုအဖြစ် သတ်မှတ်ခေါ်ဝေါ်ခဲ့သူသည် ရင်းယန်မှ ပထမဆုံးသော မှော်ဆရာပင်ဖြစ်သည်

Rebirth:တစ်ခြားကမ္ဘာမှအချစ်ခံအရုပ်ကောင်လေး(MM Translation)Where stories live. Discover now