Chapter-24(ပါးစပ်အားအုပ်ထားသောလူ)

10.5K 1.5K 9
                                    

Unicode  🧛‍♂️🧛‍♂️

"သူတို့ကိုလွတ်သွားတယ်!"

ပိုင်ဟောင် သူ့အခန်းကိုပြန်မဲ့လမ်းတွင် သူ့လက်အောက်ငယ်သားတစ်ယောက်မှ ဖုန်းဆက်ကာ ဒီနေ့လည်တွင် ဖေးစစ်ရန်အားတိုက်ခိုက်ခဲ့သော ရန်သူအား လွတ်သွားကြောင်း ​လှမ်းပြောလေသည်။

"ကျွန်တော့်အမှားပါ မစ္စတာပိုင်.. အင်အားသုံးပြီးအဆက်မပြတ်ရှာနေပေမဲ့ အခုချိန်ထိ သူတို့ကိုရှာလို့မတွေ့သေးကာဘူး"

သူ့ လက်အောက်ငယ်သားက ထပ်တလဲလဲ တောင်းပန်ရင်း ဖြစ်သမျှအကုန် ပြောပြသည္။

"မစ္စတာပိုင် ဘယ်လိုလုပ်မလဲ?? ရန်သူ့ဘက်ကလူ လွတ်သွားမှန်း သူသာသိရင် ဆူမှာ.. "  ထိုသူက ပိုင်ဟောင်အတွက်ပါ စိုးရိမ်စွာပြောသည်။

သူမပြောလည်း သူတို့ရန်သူက ဝန်ကြီးချုပ်အိမ်တော်ကမှန္း ဖေးစစ်ရန် သိပြီးသားပင်... ဝန်ကြီးချုပ်အိမ်တော်ဘက်ကလွှတ်လိုက်တဲ့ လူကိုသာ မသိရသေးတာ..

"ဝန်ကြီးချုပ်အိမ်တော်ကလွှတ်လိုက်တဲ့လူရဲ့မျက်နှာကို မင်းမြင်လိုက်လား" ပိုင်ဟောင် မေးလိုက်သည်။

"သူက ဝန်ကြီးချုပ်အိမ်တော်ကမဟုတ်ဘူး"

"ဝန်ကြီးချုပ်မိသားစုကမဟုတ်ဘူးလား??"

ပိုင်ဟောင် မျက်ခုံးတို့ပင့်တင်လိုက်မိပြီး တစ်ချိန်တည်းမှာပင် နေ့လည်ကတည်းက သူ့ရဲ့မသိုးမသန့်သောခံစားချက်ကြီးက ပိုသန်မာလာသည်။

အလင်းရောင်ရိှသောနေရာသို့ သူ လျှောက်လာချိန်တွင် အမှောင်ထဲမှ ကြီးမားသောလက်တစ်စုံက သူ့ပါးစပ်အား ပိတ်ကာ ခန္ဓာကိုယ်တစ်ခုလုံးအား ထိန်းချုပ်လိုက်သည်။

တစ်ဖက်မှ ပိုင်ဟောင့်တပည့်က သူ့အား ပြန်ဆက်သွယ်လိုက်သည်။
သူ့မှာရိှသမျှအားကိုသုံးကာ ထိုလူအား တွန်းထုတ်ရန်ကြိုးစားပေမဲ့ အလုပ်မဖြစ်..  သူ့လက်တို့က အားဖြင့် တင်းကြပ်စွာဆွဲကိုင်ခြင်းကိုခံလိုက်ရသည်။

"ပိုင်ဟောင်.. အဆင်ပြေရဲ့လား?? ရုတ်တရက်ကြီး ဘာလို့စကားပြောတာရပ်သွားတာလဲ" တစ်ဖက်မှ လက်အောက်ငယ်သားက တွေဝေစွာမေးလိုက်သည်။

Rebirth:တစ်ခြားကမ္ဘာမှအချစ်ခံအရုပ်ကောင်လေး(MM Translation)Where stories live. Discover now