Chapter-6(တညတာဖြတ်သန်းခြင်း)

15.4K 2.4K 45
                                    

[Unicode]

"စုံစမ်းထားတာတွေက သဲလွန်စမတွေ့ဘူးလား"
မီးစ တောက်လောင်နေသော စီးကရက်အား ပြာခါရင်း ဖေးစစ်ရန် အေးတိအေးစက်ဖြင့် မေးလိုက်သည်။
ပြတင်းပေါက်နားရပ်ကာ မှောင်မဲနေသော အပြင်ဘက်အား အေးစက်စွာ ငေးကြည့်နေသည်။

"လေလံဆွဲတဲ့ အိမ်အကြောင်းကို သေချာစုံစမ်းဖို့ ငါ လူလွှတ်ထားတယ် အဓိကတော့ကျန်းရှောင်အကြောင်းစုံစမ်းဖို့ပေါ့.. ဒါပေမဲ့ သူ ဘယ်လိုလုပ် အဲ့အိမ်မှာ ပေါ်လာလဲဆိုတာ ဘယ်သူမှ သဲလွန်စရှာမတွေ့ဘူး။ ကြည့်ရတာ သူ့က အကြိမ်ပေါင်းများစွာ ထပ်ဆင့်ပြန်ရောင်းစားခံရတယ်ထင်တယ်.. ဒါက သူ့နောက်ကြောင်းနဲ့ပက်သက်တဲ့သက်သေရဖို့ကို ခက်ခဲစေတာပဲ.."
ပိုင်ဟောင်က တလေးတစားဖြင့် ဖြေဆိုလိုက်သည်။

"ငါသိချင်တဲ့အရာကို မရှာဖွေနိုင်အောင် တားဆီးနိုင်လိမ့်မယ်လို့ သူတို့က အပိုင်တွက်ထားတာပဲ.ရယ်စရာကောင်းလိုက်တာ..."  ဖေးစစ်ရန် ခနဲ့စွာ ပြောလိုက်သည်။

"ဒါဆို အခုဘာဆက်လုပ်မလဲ? သူ တကယ် သွေးလိပ်ခေါင်းရောဂါဖြစ်လား မဖြစ်လား ငါတို့မသိနိုင်ဘူးလေ.. သူဟန်ဆောင်နေတာဖြစ်နိုင်သလို သူတို့ခိုင်းစေထားတဲ့အတိုင်းငါ့တို့ကို အကွက်ဆင်နေတာဖြစ်မယ်.."

ပုံမှန်အတိုင်းဆို ပေါ့ပြက်ပြက်နေတတ်ပြောတတ်သော ပိုင်ဟောင်က လေးနက်စွာပြောလိုက်သည်။

"တကယ်လို့ ဒါ ထောက်ချောက်ဆင်တာဖြစ်ရင်တောင် ကိစ္စမရှိပါဘူး.. သူတို့ဘက်က ဘာဆက်လု်မလဲ စောင့်ကြည့်ချင်သေးတယ်"

"ရှားပါးတဲ့ မျိုးရိုးသန့်စင်သူလေးကို ငါ့ဆီပို့ပေးထားတဲ့အတွက် အဲ့ခွေးကောင်တွေကို ကျေးဇူးတင်ရအုံးမယ်... ငါလိုချင်တဲ့ အရာကိုပိုင်ဆိုင်ထားဖို့က အချိန်အတိုင်းအတာတစ်ခုထိပဲ ရှိတော့မှာပါ.."

ဖေးစစ်ရန် ဆေးလိပ်ငွေ့တို့ကို ရှူထုတ်ပြီးနောက် သူ့မျက်နှာပေါ်တွင် အေးစက်စက်အပြုံးတစ်ခု ကျန်ရှိလျက်။

"သူတို့ကို သေချာစောင့်ကြည့်ပြီး ငါ့ဆီ သတင်းပြန်ပို့" ဖေးစစ်ရန် ပိုင်ဟောင်ကို အမိန့်ပေးလိုက်သည်။

Rebirth:တစ်ခြားကမ္ဘာမှအချစ်ခံအရုပ်ကောင်လေး(MM Translation)Where stories live. Discover now