Chapter-98

10.2K 893 78
                                    

Unicode

"ကျွန်တော့်ရဲ့သွေး.."  ကျန်းရှန်က သူ့ကိုယ်သူ လက်ညိုးထိုးပြရင်းပြောလိုက်သည်။

"ဟုတ်တယ်"

စားဖိုမှူးက ကျန်းရှန်ကြားလိုက်သည့်စကားသည် အမှန်ဖြစ်ကြောင်း နောက်တစ်ကြိမ် အတည်ပြုပေးလိုက်သည်။

"ခင်ဗျား သခင်က အယူသီးတဲ့လား??"

"ဘာလို့ အဲ့လို ပြောတာလဲ??"  စားဖိုမှူးလည်း နားမလည်နိုင်ဖြစ်သွားသည်။

"ဘာလို့လဲ ဟုတ်လား? သူက သူ့ဇနီးကို ကျွန်တော့်သွေးနဲ့ကုသချင်တယ်လို့ပြောတယ်လေ..  သူက အယူသီးနေတာပဲဖြစ်လိမ့်မယ်  ဒါမှမဟုတ်လည်း တခြားအကြောင်းပြချက်တွေကို ကျွန်တော် မစဉ်းစားတတ်တော့ဘူး"

ထိုအခါမှ စားဖိုမှူးလည်း မှင်သက်သွားရသည်။
'သူ့ကိုယ်ပိုင်သွေးရဲ့ လျှို့ဝှက်ချက်ကို သူကိုယ်တိုင် မသိဘူးဆိုတာ မဖြစ်နိုင်ဘူး'

"ကြည့်ရတာ ဖေးစစ်ရန် မင်းကို ဘာမှ မပြောထားတဲ့ပုံပဲ"

PeSiran သည် ဇနီးဖြစ်သူ ရှောင်မိုအား ရေချိုးသန့်စင်ပေးပြီးနောက်ထွက်လာကာ ကျန်းရှန်အား ဖြေလိုက်သည်။ထို့နောက် ရှောင်မိုအား ကုတင်ပေါ်သို့ တင်ကာ စောင်ဖြင့် သေချာခြုံပေးလိုက်သည်။

"အဲ့တော့ ဒါ ဘါအဓိပ္ပါယ်လဲ"   လက်ထဲတွင်ကိုင်ထားသော သစ်သီးတို့ဖြင့် အရသာမရိှတော့သည်ဟု ခံစားလာမိကာ ကျန်းရှန် Pei Siran ကိုသာ နားမလည်နိုင်စွာကြည့်နေသည်။

"ဖေးစစ်ရန်ရဲ့ ဇနီးက သန်မာတဲ့ ဗန်ပိုင်းယားတစ်ကောင်ဖြစ်ခဲ့တယ် သူ့သွေးက လူတွေရဲ့အသက်ကို ကယ်တင်နိုင်သလို တခြားမျိုးစိတ်တွေရဲ့သန္ဓေပြောင်းလဲခြင်းကိုလည်း ကူညီနိုင်တယ်   မင်းရဲ့ မှော်ဝင်ငါးက အကောင်းဆုံးနမူနာတစ်ခုပဲ"
Pei Siran က တည်ငြိမ်စွာ ပြောလိုက်သည်။ ထို့နောက် ဆေးထိုးပြွန်တစ်ချောင်းအား လက်ထဲတွင်ကိုင်လျက် ကျန်းရှန်ဆိသို့ လျှောက်လာသည်။
"မင်းရဲ့ အင်္ကျီလက်တွေ ခေါက်တင်လိုက်တော့"

"ဒီမှါ!  အခုကိစ္စနဲ့ပက်သက်ပြီး ကျွန်တော့်ရဲ့သဘောထားကိုတောင် မမေးသေးပဲ သွေးယူဖို့လုပ်နေတာလား? ခင်ဗျားအဲ့လောက်တောင် ယဉ်ကျေးမှုမရိှတာလား?"

Rebirth:တစ်ခြားကမ္ဘာမှအချစ်ခံအရုပ်ကောင်လေး(MM Translation)Where stories live. Discover now