Unicode ❤️❤️
"ငါပြောတယ်မလား မင်းအကို သူ့ကိုကြိုက်နေပါတယ်လို့?? အခု မင်းသဘောပေါက်ပြီလား"
ဖန်းရှောင်အံကြိတ်ကာ ပြောရင်း မြေကြီးအားဒေါသထွက်ထွက်ဖြင့် ခြေဆောင့်နေသည်။
ဖေးလုလု အံ့သြပြီး ဆွံ့အသွားရသည်။ အကြောင်းအရင်းကား ဖေးစစ်ရန် ကျန်းရှန်အား နမ်းလိုက်သောကြောင့်ပင်။
'သေစမ်း!! ဒါက အတည်ကြီးလား! ဆိုးဝါးတာက.. လန်ယွမ်သက်ရိှထင်ရှားရိှနေတဲ့အချိန်တုံးက အကိုခရီးထွက်မဲ့အခါတိုင်း လိုက်ပို့ပေးနေကျ.. ဘယ်လိုပဲ အကိုက ကျန်းရှောင်ကို လန်ယွမ်လို့ မသတ်မှတ်ပေးသည်ဖြစ်စေ သူတို့နှစ်ယောက်က တကယ်တူနေတယ်ဆိုတာတော့ အမှန်ပဲ'
"သူတို့နှစ်ယောက် မချစ်မိကြအောင် တားဆီးပေးမယ်လို့ မင်းငါ့ကို ကတိပေးထားတယ်နော်" ဖန်းရှောင် စိတ်ရှုပ်ထွေးစွာဖြင့် ပြောလိုက်သည်။
'ငါတို့က နာမည်ချင်း တူညီနေတာတောင် ဘာလို့ ငါ့အစား ကျန်းရှောင်ကို ချစ်မိနေရတာလဲ?? ငါ..ငါက သူနဲ့မတူလို့လား.. သူနဲ့တူအောင် ငါ ပလစ်စတစ်ဆာဂျရီ လုပ်လိုက်ရမဲ.. ဒါဆို ငါ သူနဲ့ ရုပ်တူသွားမယ်မလား?? ငါ့ကို ဖေးစစ်ရန် ချစ်လာမယ်မလား... မဟုတ်ဘူး..မဟုတ်သေးဘူး.. ငါ သူနဲ့တူအော်လုပ်ပြီး သူ့ကို ငါသတ်ပစ်လိုက်မယ် အဲ့ခါကျမှ ငါ သူ့နေရာကိုအစားဝင်နေလိုက်မယ်.. ကောင်းလိုက်တဲ့အကြံ.. ငါ တော်တော် တော်တာပဲ'
သူ့အတွေးနဲ့သူ ကျေနပ်သွားကာ မျက်လုံးတို့အရောင်လက်သွားသည်။ သို့ပေမဲ့ တချိန်တည်းမှာတင် သူ့မျက်လုံးတို့ ညှိုးနွမ်းလာသည်။ သူ့ဆံပင်တို့အား ရှုပ်ပွလိုက်ကာ စိတ်ပျက်အားလျော့လာသည်။သူက မျိုးရိုးသန့်စင်သူမှမဟုတ်တာ.. ကျန်းရှောင်နဲ့ ရုပ်တူအောင်လုပ်နိုင်ပေမဲ့ သူ့ရဲ့ခန္ဓာကိုယ်မျိုး သူမရနိုင်။
"နင်သိအောင်ငါပြောလိုက်မယ်.. အကိုက နင့်ကိုနမ်းလိုက်တယ်ဆိုတာက နင့်ဆီမှာ သူ့ဇနီးရဲ့ အရိပ်အယောင်တွေမြင်နေလို့ပဲ.. သူက နင့်ကို ဘယ်တော့မှ ချစ်လာမှာမဟုတ်ဘူး"
ဖေးလုလု ကျန်းရှန် ရင်ဘတ်အား လက်ဖြင့်ထောက်ကာ ပြောလိုက်သည်။
YOU ARE READING
Rebirth:တစ်ခြားကမ္ဘာမှအချစ်ခံအရုပ်ကောင်လေး(MM Translation)
Vampireကျန်းရှန်က အဆောက်အဉီးအမြင့်ကနေ ပြုတ်ကျသွားခဲ့တယ် သူ့ကိုယ်သူသေမယ်လို့ထင်နေပေမဲ့ တကယ်တမ်းသူ့ဂိဉာဉ်က တခြားကမ္ဘာတစ်ခုကို အချိန်ခရီးထွက်သွားတယ်။ ဒီထပ်ပိုပြီး အံ့သြစရာကောင်းတာက သူက ကလေးမွေးဖွားရမဲ့ လူတစ်ယောက်ရဲ့ကိုယ်ထဲ ရောက်သွားတာပဲ.... "သောက်ကျိုးနဲ.. င...