Unicode ❤️❤️
"ဟော့"
ကျန်းဟော့ ဘာမှ မတုန့်ပြန်ပေ။ တစ်ဖက်မှ မရီးဖြစ်သူကတော့ နောက်တစ်ကြိမ် ငိုကြွေးတော့သည်။
"ကောင်းပြီ ကျွန်တော် ကူညီပေးမယ်.. ဒါပေမဲ့ ကျွန်တော့်ကို ပြင်ဆင်ချိန်လေးတော့ ပေးပါ အကုန်ပြင်ဆင်ပြီးလို့ အချိန်ကိုက်ဖြစ်ရင် မရီးကို အကြောင်းကြားပေးမယ်"
"ကျေးဇူးပါ ကျန်းဟော့.. ကျေးဇူးပါ ! မင်း ဖေးဟောင်ကို မကိုင်တွယ်နိုင်တော့ရင် ငါ့ကို ပွင့်ပွင့်လင်းလင်းသာပြောပါ.. ငါ သူ့ကို သတိမေ့အောင်လုပ် ပြီး မင်းနေရာမှာ ချုပ်ပေးထားမယ်.. ဒါဆို သူလည်း ဘယ်ကိုမှ မပြေးနိုင်တော့ဘူး"
ကျန်းဟော့ ရယ်ရမလား ငိုရမလားမသိတော့ပေ။
"မလုပ်ပါနဲ့.. အဲ့တာက ဉပဒေနဲ့ မညီညွတ်ဘူး.. ပြီးတော့ မရီးက အမြဲတမ်း မစဉ်းစားမဆင်ခြေတတ်ဘူးပဲ.. ကျွန်တော် သူ့ကို ဒဏ်ရါမရစေချင်ဘူး.. ကိုယ့်ဘာသာကိုယ်ပဲ ကိုင်တွယ်လိုက်ပါ့မယ်""ဒါဆို တော်လောက္ပြီ.. နတ်ဆိုးတွေက ကျန်းမိသားစုနဲ့ ဘယ်လိုနည်းနဲ့မှ မလိုက်ဖက်နိုင်ဘူး.. နောက်ပြီး မင်းအတွက် ငါ ထပ်ပြီး မနှောင့်ယှက်တော့ပါဘူး.. ငါ ညစာသွားချက်တော့မယ် အိမ်ပြန်လာလို့ရင် ဖေးဟောင်ကို မင်းနဲ့အတူ ခေါ်လာလို့ရတယ် နောက်ပြီး ညစာကောင်းကောင်းလေးစားပြီးမှ မင်း ပြန်လို့ရတယ်"
"ကောင်းပြီ.. နောက်မှတွေ့မယ်"
ဖုန်းချပြီးနောက် ကျန်းဟော့မျက်နှာသည် အပြုံးတွေဝေဆာနေပြီး သူ့ပုံစံသည် ပျော်ရွှင်နေပုံပင်။
ဖေးဟောင်က ငယ်ငယ်လေးကတည်းက မိဘမဲ့တစ်ယောက်ဖြစ်ခဲ့တာကြောင့် ဖေးဟောင်အတွက်တော့ သူ့ရဲ့ မရီးက မိခင်တစ်ယောက်လိုပင်။ ဒါ့ကြောင့်လည်း ဖေးဟောင်ကိုပြောသည့်ပုံနှင့်ယှဉ်ရင် သူ့မရီးနဲ့ပြောဆိုသည့်ပုံက သိသိသာသာ ကွဲပြားနေသည်။
(Note- E tran မှာ ရေးထားတာက သိပ်မရှင်းလို့ အဆင်ပြေသလိုပဲ tran လိုက်ပါတယ် ကျန်းဟော့ရဲ့ မရီးနဲ့ဖေးဟောင်နဲ့က ရင်းနှီးပြီးသားထင်တယ် ကျန်းဟော့မရီးက ဖေးဟောင်ကို ညစာလာစားဖို့ပြောလို့ ကျန်းဟော့ပျော်သွားတာဖြစ်မယ် ဖေးဟောင်အတွက် ကျန်းဟော့မရီးက အမေတစ်ယောက်လိုပဲလေ)
YOU ARE READING
Rebirth:တစ်ခြားကမ္ဘာမှအချစ်ခံအရုပ်ကောင်လေး(MM Translation)
Vampireကျန်းရှန်က အဆောက်အဉီးအမြင့်ကနေ ပြုတ်ကျသွားခဲ့တယ် သူ့ကိုယ်သူသေမယ်လို့ထင်နေပေမဲ့ တကယ်တမ်းသူ့ဂိဉာဉ်က တခြားကမ္ဘာတစ်ခုကို အချိန်ခရီးထွက်သွားတယ်။ ဒီထပ်ပိုပြီး အံ့သြစရာကောင်းတာက သူက ကလေးမွေးဖွားရမဲ့ လူတစ်ယောက်ရဲ့ကိုယ်ထဲ ရောက်သွားတာပဲ.... "သောက်ကျိုးနဲ.. င...