Chapter-80( Date ကို ဘယ်လိုများ ငြင်းပယ်ရက်မှာလဲ)

6.4K 913 9
                                    

Unicode ❤️❤️

Date ကို ဘယ်လိုများငြင်းပယ်ရက်မှာလဲ?

အခြေအနေ တည်ငြိမ်လာသည့်အချိန်တွင် အရပ်ရှည်သော ပုံရိပ်တစ်ခုသည် ဓာတ်ခွဲခန်းအပြင်ဘက်တွင် ရုတ်တရက်ပေါ်ပေါက်လာပြီး ကြောက်စရာကောင်းသောမျက်လုံးများဖြင့် အခန်းထဲဲသို့  ကြည့်နေသည်။

ထိုအရာကို သတိထားမိသွားတဲ့ ကျန်းဟော့က ချက်ချင်းပင် မျက်လုံးများအေးစက်သွားကာ မျက်နှာအား အောက်သို့ချထားသည်။

ဓာတ်ခွဲခန်းအပြင်ဘက်ကလူသည် ကျန်းဟော့ရဲ့ မဖော်ရွေမှုအား အာရုံခံမိတာကြောင့် အလျင်အမြန်ထွက်သွားကာ နေရာမှ ပျောက်ကွယ်သွားတော့သည်။

'သူက ဘဟ်သူလဲ? ဘာလို့ ဒီထဲကို လူသတ်ချင်တဲ့ပုံစံနဲ့ကြည့်နေရတာလဲ... သူ့ရဲ့ပစ္မှတ်ကငါလား.. ဒါမှမဟုတ် ဖေးဟောင်များလား?'

တွေးရင်းနှင့် ကျန်းဟော့ မျက်ခုံးအား ပိုတင်းကြပ်စွာကြုတ်ထားပြီး သူ့မျက်လုံးတို့သည်လည်း ပိုမိုအေးစက်လာသည်။

"ဘာလဲ? အပြင်မှ တစ်ယောက်ယောက်ရိှနေလို့လား?"

ဖေးဟောင်ကအပြင်ကိုကြည့်ပြီး ကျန်းဟော့အား ပြန်ကြည့်ကာမေးလိုက်သည်။

ဖေးဟောင်စိတ်ပူနေမှာကို စိုးရိမ်တာကြောင့် သူ့ရဲ့ လေးနက်သောပုံစံတို့အား ပြန်လည်ရုတ်သိမ်းကာ ထို့အစားက အပြုံးရေး"လေဖြင့်ပြုံးလိုက်ပြီး
"ဘာမှမဟုတ်ပါဘူး ဒီတိုင်း ဖြတ်သွားဖြတ်လာပါပဲ"

"ဒါဆိုလည်း ​ပြီးရောလ​ေ"

ဖေးဟောင် ဘာမှဆက်မမေးတော့ပဲ ဆက်စားနေလိုက်သည်။

မကြာခင်မှာတင် ဖေးဟောင်က ရုတ်တရက်မေးလိုက်သည်။
"ငါမနက်က တခြားလူတွေပြောနေတာကြားခဲ့တယ်... လူသားမဟုတ်တဲ့ ပါမောက္ခတစ်ယောက် B.O.M မှာ အတိုက်ခိုက်ခံခဲ့ရတယ်.. ငါတို့ရှာတွေ့တဲ့အချိန်မှာ သူ့ရဲ့အသည်းက မရိှတော့ဘူး.. နေရာမှတင် သေသွားတာပဲ"

ကျန်းဟော့ခန္ဓာကိုယ်တုန်လှုပ်သွားပြီး အဆောတလျင်မေးလိုက်သည်။

"ပြီးတော့ အခုရော? စီမံခန့်ခွဲရေးကလူတွေ ဒီကိစ္စကို စိစစ်ပြီးကြပြီလား?"

Rebirth:တစ်ခြားကမ္ဘာမှအချစ်ခံအရုပ်ကောင်လေး(MM Translation)Where stories live. Discover now