Chapter-58(လျှို့ဝှက်ချက်အာတွေ့ရိှခြင်း)

8.6K 1.3K 11
                                    

Unicode ❤️❤️

ငါးရဲ့ ဖြစ်စဉ်ကို အမှတ်မထင်မြင်လိုက်ရတဲ့ စားဖိုမှူးက ရုတ်တရက် သူ့ရဲ့မျက်လုံးများက ကလိန်ကကျစ်တစ်ယောက်၏ မျက်လုံးများကဲ့သို့ ဖြစ်လာပြီး သူ့မျက်နှာတွင် ထိတ်လန့်မှုကို တွေ့နေရသည်။

ရွှီချွဲကလည်း အဖြစ်အပျက်အား မြင်လိုက်ရတာကြောင့် သူမ မျက်လုံးများသည်လည်း အံ့သြစွာဖြင့် ပြူးကျယ်လာသည်။ ရေပုံးအား ဖုံးကာ၍ ဘယ်သူမှမသိအောင် ဖုံးကွယ်ရန် အမြန် ကြိုးစားလိုက်သည်။

သို့သော်လည်း သူမ နောက်ကျသွားခဲ့သည်။ စာဖိုးမှူးက မီးဖိုချောင်ထဲမှ အမြန်ထွက်လာကာ ချောင်ကျသောတစ်နေရာတွင် နေရာယူလိုက်ပြီး ဖုန်းကိုထုတ်ကာ နံပါတ်တစ်ခုအား ​ထိတ်လန့်စွာဖြင့် ခေါ်လိုက်သည္။

သူ့ခေါင်းမှ ဉီးထုပ်ကို ချွတ်လိုက်ပြီး တစ်ဖက်မှ ဖုန်းကိုင်သောအချိန်တွင် အလောသုံးဆယ်ဖြင့်
"Information Comfirm....ကျန်းရှောင်က ဖေးစစ်ရန်ဇနီးရဲ့ လူဝင်စားပဲ...နောက်တစ်ဆင့် ဘာဆက်လုပ်ရမလဲ"

တစ်ဖက်မှ လူက ထိုသတင်းအပေါ် အံ့သြခြင်းမရိှ... ခေတ္တမျှ တိတ်ဆိတ်နေပြီးမှ...

ခနအကြာမှ တစ်ဖက်လူက

"အနီးကပ်စောင့်ကြည့်ထား"

"ဒါပဲလား? သူက လန်ဟွမ်ရဲ့ လူဝင်စားလေ...သူ့ရဲ့ သွေးက သေနေတဲ့ မှော်ဝင်ငါးကိုတောင် အသက်ပြန်ရှင်အောင်လုပ်နိုင်တယ်"

စာဖိုးမှူးက သူ့ကိုတခြားလူတွေမြင်မှာစိုးတာကြောင့် ဘေးဘီကို သတိကြီးစွာ ကြည့်လိုက်သည်။

"မင်းကိုယ်တိုင် မျက်စိနဲ့တပ်အပ်မြင်ခဲ့တာလား"
တစ်ဖက်ကလူက တည်ငြိမ်စွာဖြင့် မေးလိုက်သည်။

"ကိုယ်တိုင်မြင်ခဲ့တာပါ... ဖေးစစ်ရန်ဇနီးရဲ့သွေးကလွဲပြီး ကျန်တဲ့ဘယ်သူ့ဆီမှာ ဒီလို မှော်ပညာအကျိုးသက်ရောက်မှု ရိှလို့လဲ.. သူက လန်ဟွမ်ရဲ့ လူဝင်စားဆိုတာ အသေအချာပဲ... "

စားဖိုမှူးက  အမှန်တကယ်ကို စိတ်ရှုပ်ထွေးနေတာကြောင့် အမိန့်အားသွေဖီကာ ပြောလိုက်သည်။

"မင်း ကျန်းရှောင်ကို အသက်ဆက်ရှင်ခွင့်ပေးလိုက်မယ်ဆိုရင် လွန်ခဲ့တဲ့ ရာစုနှစ်တွေက လန်ဟွမ်ရဲ့ မှတ်ဉာဏ်တွေကို သူ စုဆောင်းမိသွားပြီး အကျိုးဆက်က ခန့်မှန်းလို့တောင်မရပဲဖြစ်သွားရလိမ့်မယ္... သူ အခု ကိုယ်ဝန်ရိှနေပြီး အားနည်းနေတဲ့အချိန်မျိုးမှာ သူ့ကို သတ်ပစ်ဖို့က အကောင်းဆုံးနည်းလမ်းပဲ"

Rebirth:တစ်ခြားကမ္ဘာမှအချစ်ခံအရုပ်ကောင်လေး(MM Translation)Where stories live. Discover now