အပိုင်း(107) ကျန်းရှန်ကိုသတ်ရန်

2.7K 155 9
                                    

Unicode (ကျန်းရှန်ကို သတ်ရန်)

"သခင်မကြီး သူတို့ကို ဒီတိုင်းလွှတ်လိုက်လို့ ဖြစ်ရဲ့လား? ဖေးစစ်ရန်ဆိုတဲ့ကောင်က တမြို့လုံးကို ပျက်စီးအောင်လုပ်ပစ်ထားတာ ဒီတိုင်းလွှတ်ထားလိုက်ရင် မီးကို လောင်စာတိုက်သလို ပိုဆိုးလာလိမ့်မယ်"

"ဟုတ်တယ် သခင်မကြီး တခြားသူတွေသာ သိကုန်ရင် ကျွန်တော်တို့ကိုပဲ လက်ညိုးထိုးကြမှာ"

"ငါတို့ပါးစပ်တွေသာ သေချာပိတ်ထားရင် တခြားဘယ်သူမှ သိမှာမဟုတ်ဘူး ပြီးတော့ ဖေးစစ်ရန်ကို ဒီကို ခေါ်ရတဲ့အကြောင်းကလဲ သူ့ကို ငါအပြစ်ပေးဖို့မဟုတ်ဘူး"

ရှောင်းနာစစ် သူမ ပါးစပ်အား ဟလိုက်ကာ အစေခံတစ်ယောက် ကမ်းပေးသော စပျစ်သီးအား စားလိုက်ရင်း ပြုံးလိုက်သည်။

သူမ စကားကို ကြားတော့မှ အကြီးအကဒြ လေးယောက်လဲ ကြောင်အသွားပြီး သူမအား မေးလိုက်သည်။
"ဒါဆိုရင် ဘာလို့ ဖေးစစ်ရန်ကို ခေါ်လိုက်တာလဲ"

"သူ့ ဇနီးကျန်းရှန်ကို ကြည့်ဖို့"

သူမ ခြေထောက်များအား ချိတ်ကာ ထိုင်နေလျက်ဖြင့် နှုတ်ခမ်းထောင့်စွန်းနှစ်ဖက်မှာလဲ ‌အပေါ်သို့ ကွေးညွန့်သွားသည်။ ငြိမ်သက်နေသော မျက်လုံးများထဲတွင် ဘာမှန်းမသိသော စိတ်ကျေနပ်မှုက လွှမ်းမိုးသွားသည်။

"ကျန်းရှန်? ကျန်းမိသားစုရဲ့ သခင်လေးလား?"

"ငါ့ရဲ့ တတိယမျက်လုံးနဲ့ကြည့်ကြည့်တော့ ဒီကောင်လေးခန္ဓာကိုယ်ထဲမှာ တခြားဝိဉာဉ်တစ်ခုရှိနေတယ် ငါထင်တာသာ မမှားရင် သူ့ခန္ဓာကိုယ်ထဲမှာရှိနေ‌တာ လန်ဟွမ်ရဲ့ ဝိဉာဉ်ပဲ ဘိုးတော်ရှုကတော့ ကျန်းမိသားစုရဲ့ သခင်လေးကို အခွံသက်သက်အနေနဲ့ ထားပြီး လန်ဟွမ်ရဲ့ ဝိဉာဉ်ကို ပြန်ဆင့်ခေါ်ဖို့လုပ်နေတာပဲ"

အကြီးအကဲ လေးယောက်လုံး သူမစကားကြားပြီး လန့်ဖျန့်သွားရတော့သည်။ "လန်ဟွမ်ကို ပြန်ဆင့်ခေါ်ဖို့လုပ်တယ်? လန်ဟွမ်ဆိုတာ ကျွန်တော်တို့ သိထားသမျှထဲ အဆိုးဝါးဆုံး မကောင်းဆိုးဝါး တစ်ကောင်ပဲ! သူသာ ပြန်လညိ မွေးဖွားလာရင် တညမှ အေးအေးချမ်းချမ်း အိပ်စက်ရတော့မှာ မဟုတ်တော့ဘူး"

You've reached the end of published parts.

⏰ Last updated: Oct 27, 2023 ⏰

Add this story to your Library to get notified about new parts!

Rebirth:တစ်ခြားကမ္ဘာမှအချစ်ခံအရုပ်ကောင်လေး(MM Translation)Where stories live. Discover now