Chapter-3(သွေးစုပ်ခြင်း)

17K 2.3K 13
                                    

Unicode 🧛‍♂️🧛‍♂️

"မဟုတ်ဘူး! F*ckပဲ.. ဘယ်သူက ခင်ဗျားလိုစွရူးကို မြူစွယ်နေလို့လဲ..အာ့!"

ကျန်းရှန် ဖေးစစ်ရန်ရဲ့ရင်ဘတ်ကို ဆောင့်ကန်လိုက်ပြီး သူနဲ့အကွာအဝေး ခြားစေလိုက်သည်။

'ချီးပဲဟာ... ငါတကယ်စိတ်ရှုပ်လာပြီ... ငါကသူ့ရဲ့မိန်းမမဟုတ်ဘူးဆိုရင် ဘာလို့ သူ့ကလေးကို မွေးပေးရမှာလဲ... အင်း... ဒါဆိုရင် သူ့ကလေးကို မွေးခိုင်းဖို့အတွက် ငါ့ကို ဖမ်းထားတာလား.. မဖြစ်နိုင်လောက်ဘူးထင်တယ်.. ဒီလိုဆို တခြား ဗန်ပိုင်းယားတွေကရော?? ဗန်ပိုင်းယားတွေက တကယ် ကိုယ်ဝန်ဆောင်နိုင်ကြတာလား... ယောက်ျားလေးဖြစ်နေရင်တောင်မှလေ...'

သူ့အပေါ် ကျရောက်လာတဲ့ အဖြစ်အပျက်တွေကြောင့် ကျန်းရှန် စိတ်ညစ်သွားရသည်။ တခြား ခန္ဓာကိုယ်ပြောင်းတဲ့ ဝတ္ထုတွေထဲမှာ အဓိက ဇာတ်ကောင်က အာဏာပါဝါရိှပြီး ခပ်မိုက်မိုက် ခန္ဓာကိုယ်ထဲ ရောက်သွားကြတာပါ။ သူ့အလှည့်ကျမှ ဒီဘက်ကမ္ဘာမှာ ခန္ဓာကိုယ်အားနည်းပြီး သနားစရာကောင်းတဲ့ အရှုံးသမားတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲကို ရောက်သွားရတယ်လို့...

"ငါမင်းကို ဝယ်ဖို့အတွက် ငါးသန်း သုံးခဲ့ရတာ.. ငါပေးခဲ့တဲ့ငွေတန်ဖိုး မင်းပြန်ပေးဆပ်ရမယ်.. မင်းဘာသာမင်း သတ်သေဖို့ကြိုးစားတာ ငါဂရုမစိုက်ဘူး
ငါဂရုစိုက်တာ ငါ့သားကိုပဲ.. ဒီတကြိမ်မှာ မင်း ငါ့သားကို မွေးပေးရင် မင်းကိုငါ လွတ်လပ်ခွင့်ပေးမယ်"

ဖေးစစ်ရန် အပြတ်သားဆုံးပြောရင် ကျန်းရှန်အား လက်တစ်ဖက်တည်းဖြင့် ကုတင်ဘက်ကို ကပ်ထားလိုက်သည်။ သူ့အကြည့်တို့က အမှတ်တကယ် ဂရုမစိုက်ကာ လျစ်လျူရှုထားတယ်ဆိုတဲ့ အဓိပ္ပါယ်အပြည့်ပါနေသည်။ ကုတင်နဲ့ဖိကပ်ခြင်းခံထားရတဲ့ ကျန်းရှန်က အသတ်ခံနေရတဲ့ ပုရွက်စိတ်တစ်ကောင်နဲ့ မခြားမနားပင်။

ကျန်းရှန် အသက်ရှုရ မွန်းကြပ်လာသည်။ သူ့ကို ဖိနှိပ်ထားသော ဖေးစစ်ရန်ရဲ့လက်တွေကို တွန်းကန်ဖို့ကြိုးစားနေရတာကြောင့် မျက်နှာတွေပါနီရဲတွတ်လာသည်။သူ့ အသိစိတ်ကသတိပေးနေတာကတော့ သူမကြာခင် သေတော့မယ်ဆိုတာပင်။

Rebirth:တစ်ခြားကမ္ဘာမှအချစ်ခံအရုပ်ကောင်လေး(MM Translation)Where stories live. Discover now