Chapter-36(ပိုင်ဟောင့်အခန်းသို့ညသန်းခေါင်ခိုးဝင်ခြင်း )

8.9K 1.3K 4
                                    

Unicode ~~

(ပိုင်ဟောင့်အခန်းသို့ ညသန်းခေါင်ခိုးဝင်ခြင်း)

"အဲ့မှော်စက်ဝိုင်းက မင်းအသက်ကိုနုတ်ယူသွားနိုင်တယ်! ဘယ်လိုများ ပေါ့ပေါ့တန်တန် ဆုံးဖြတ်ချက်ချရတာလဲ"

အခန်းထဲက ထွက်လာတာနဲ့ ပိုင်ဟောင် ဖေးစစ်ရန်ဆီ ဖုန်းခေါ်ကာ ပြောလိုက်သည်။ သူ တော်တော်ဒေါသထွက်နေပြီး ဖေးစစ်ရန်အတွက် စိုးရိမ်နေသည်။

"သူ့ကိုယ်ဝန်အတွက် ငါလုပ်ခဲ့တာရုံပဲ.. ငါ အဲ့ကလေးကိုလိုချင်တယ်"

ဖေးစစ်ရန် အေးအေးဆေးဆေးပဲဖြေကာ စာရွက်များ တင်ထားသောနေရာတွင် ထိုင်ကာ ဝန်ထမ်းတွေရဲ့ အစီရင်ခံစာကို နားထောင်နေသည်။

'ကလေးကိုလိုချင်ရုံပဲဆိုရင် ဘာလို့ သူ့ပေါ်မှာ မှော်စက်ဝန်းလုပ်ခဲ့တာလဲ? မင်းငါ့ကို အရူးလုပ်လို့မရဘူးဟ'

"ငါအလုပ်များနေတယ် ပြန်လာမှ ပြောကြတာပေါ့"  ပိုင်ဟောင်ရဲ့ တုံ့ပြန်ချက်အား နားထောင်ခြင်းမရိှပဲ ဖေးစစ်ရန် ဖုန်းကိုချလိုက်သည်။

"ခန.. ငါ့စကားမဆုံးသေးဘူးလေ!! တောက်! သေစမ်း"

ပိုင်ဟောင် ကျိန်ဆဲလိုက်ပြီး စင်္ကြံန်မှ လူတစ်ယောက်အား စိတ်မရှည်စွာခေါ်လိုက်သည်။
"ရွှီချွမ်!"

"လာပါပြီ"
အစေခံဝတ်စုံဖြင့် ကောင်မလေးတစ်ယောက် ပိုင်ဟောင် နားသို့ရောက်လာပြီး အရိုအသေပေးသည်။

"ငါတို့ရဲ့အကာအကွယ်ကိုချထားလိုက်.. ဘဟ်သူ့ကိုမှအဝင်မခံနဲ့.. ခြင်တစ်ကောင်တောင် မဝင်စေနဲ့"

"ဟုတ်ကဲ့.."

ရွှီချွမ် နေရာမှ အမြန်ထွက်သွားလိုက်သည်။

"F**k!! ပြဿနာကို မီးခွက်ထွန်းရှာတဲ့ကောင်ပဲ!!"

ပိုင်ဟောင် သူ့ခေါင်းကို ရှုပ်ပွလိုက်သည်။ ဖေးစစ်ရန် လုပ်ခဲ့တဲ့အရာအတွက် သူ ဘယ်လိုမှမယုံကြည်နိုင်ဖြစ်နေရသည်။

ဖေးစစ်ရန်ကလည်း အလုပ်ကိစ္စနဲ့ မအားလပ်သေးတာကြောင့် သူ့အတွက် ဖုန်းထပ်ခေါ်ပြီး ထပ်ဆူဖို့က အဆင်မပြေ။ ဘယ်လိုပဲ ရင်းနှီးနေပါစေ  သူတို့ရဲ့ ဆက်ဆံရေးက သခင်နဲ့ အစေခံအဆင့်သာဖြစ်သည်။

Rebirth:တစ်ခြားကမ္ဘာမှအချစ်ခံအရုပ်ကောင်လေး(MM Translation)Where stories live. Discover now