Chapter-22(တောင်းပန်ရင် သွေးသောက်ခွင့်ပေးမယ်)

10.7K 1.5K 5
                                    

Unicode 🧛‍♂️🧛‍♂️

'ဘာလဲ! ဘာတွေဖြစ်နေတာလဲ?? ငါ့ခန္ဓာကိုယ်တစ်ခုလုံးထူးဆန္းနေတယ်.. သေစမ်း.သေစမ်း.သေစမ်း! ဒီ အစွယ်တွေ ထပ်ထွက်လာပြန်ပြီလား.. ငါဘာဆက်လုပ်ရမလဲ?? ဒီအစွယ်တွေပြန်ဝင်သွားအောင်ဘယ်လိုလုပ်ရမလဲ'

ကျန်းရှန် ကြောက်ရွ့ံမှုဖြင့် မျိုသိပ်လိုက်မိသည်။ ဖေးစစ်ရန်ကို တွန်းထုတ်ကာ အနမ်းများကို ရပ်တန့်ချင်သော်လည်း သူ့မှာ အားအင်မရိှ။ ဖေးစစ်ရန်ကတော့ သူ့ခံတွင်းထဲသို့ လျှာဖျားလေးတိုးဝင်လာကာ နယ္ကျူးကျော်ရင်း အနမ်းကို ဉီးဆောင်နေသည်။

'Sh*t!! သူ့လျှာကို ငါ့ပါးစပ်ထဲ ထည့်နေတာပဲ..  ဒီလူ တကယ်ရူးသွားပြီထင်တယ်'

စိတ်ပျက်စွာဖြင့် ကျန်းရှန် ဖေးစစ်ရန်အား ကန်ကာ ရပ်တန့်ရန် သတိပေးဖို့ကြိုးစားမိသည်။

ဒါပေမဲ့လည်း သူ့ခန္ဓာကိုယ်တစ်ခုလုံး ပူလောင်ကာ လည်ချောင်းတစ်ခုလုံး လောင်မြိုက်နေသည်။
သွေး.... ကျန်းရှန် သွေးကို ပြင်းပြစွာ တောင့်တနေပြီး သူ့မျက်လုံးတွေ အနီရောင်သို့ ပြောင်းလဲသွားသည်။

ကျန်းရှန် တစ်ခုခုဖြစ်နေသည်ကို ခံစားမိသောကြောင့် ဖေးစစ်ရန် သူ့အား လွှတ်ပေးလိုက်သည်။

သူ့အောက်တွင်ရိှနေသော ကျန်းရှန်၏ အရောင်ပြောင်းသွားသော မျက်လုံးများအားကြည့်ရင်း ရုတ်တရက် ဖေးစစ်ရန် ရယ်လိုက်သည်။

"ဘာလဲ! ခင်ဗျားက ဘာလို့ရယ်နေတာလဲ??"
ကျန်းရှန် ဒေါသထွက်စွာမေးလိုက်ပေမဲ့ သူ့မျက်နှာတစ်ခုလုံးကတော့ ရှက်သ​ွေးဖြာနေဆဲပင်။

"ငါက ဘာလို့ရယ်တာလဲ?? မင်းလျစ်လျူရှုနေတာကိုရယ်တာလေ... ဗန်ပိုင်းယားတွေက အလွယ်တကူ စိတ်ရိုင်းဝင်တတ်ကြတာကို မင်းမသိဘူးထင်တယ် အထူးသဖြင့် မင်းလို့ မျိုးရိုးသန့်စင်သူလိုမျိုး"

'စိတ်ရိုင်းဝင်တယ်?? ဒါ တိရစ္ဆာန်တွေမှာသုံးတဲ့ အသုံးအနှုန်းမဟုတ်လား... ယေဘုယျအားဖြင့်ပြောရရင် ဗန်ပိုင်းယားတွေက လူသားတွေမဟုတ်ဘူးဆိုပေမဲ့.. တိရစ္ဆာန်လို့လဲသတ်မှတ်လိုက်လို့ရလို့လား??'
ကျန်းရှန် သူ့ဟာသူတွေးရင်း နှုတ်ခမ်းများတွန့်ချိုးကာ စိတ်ပျက်သွားသည်။

Rebirth:တစ်ခြားကမ္ဘာမှအချစ်ခံအရုပ်ကောင်လေး(MM Translation)Where stories live. Discover now