Chapter-17(ဒီတိုက်ခိုက်မှုက ရန်သူရဲထောင်ချောက်လား)

11.3K 2K 46
                                    

Unicode  🧛‍♂️🧛‍♂️

'ဘာလားကွာ! လောကကြီးထဲမှာ ဘာလို့ ငါတစ်ယောက်ပဲနေ စိတ်ရှုပ်ခံရတာလဲ!! ငါက အစားထိုးခံလူသာသာပဲကို?'

ကျန်းရှန် စိတ်တိုစွာဖြင့် သူ့ခေါင်းသူ ပွတ်သပ်လိုက်သည်
ထို့နောက် လေလျော့သွားသော ပူဖောင်းတစ်ခုလို ကျန်းရှန် သက်ပြင်းရှည်အား ချလိုက်သည်။ သူ့နှလုံးသားတစ်ခုလုံး ထိန်းချုပ်မှုမဲ့ကာ စည်းချက်လွဲမှားစွာ ခုန်ပေါက်နေသည်မို့ ကျန်းရှန် သက်ပြင်းချနေရသည်။

"မင်းတို့အဆင်ပြေကြရဲ့လား??"

ရုတ်တရက် အနောက်တိုင်းဝတ်စုံအား သပ်ရပ်စွာဝတ်ထားသော ပိုင်ဟောင် တံခါးဖျက်၍ ဝင်လာသည်။

"မင်း ဘာတွေလုပ်နေတာလဲ!! တစ်ဖက်ကရန်သူတွေ ငါ့ရုံးခန်းကိုတောင် သေနတ်နဲ့ပစ်ပြီးနေပြီ"
ဖေးစစ်ရန် မြေပြင်ပေါ် လှ​ြနေရာမှ ထကာ ကျန်းရှန်အား ထူရင်း  ဒေါသထွက်စွာ လှမ်းအော်လိုက်သည်။

"တောင်းပန်ပါတယ် ငါ့အမှားပါ.. ငါသွားတဲ့လမ်းမှာ မသင်္ကာစရာကောင်းတဲ့လူတစ်ယောက်ကိုတွေလို့  ထောင်ချောက်ဆင်ပြီး ဖမ်းဖို့ကြိုးစားတာ.. သူက ငါးစာ ဖြစ်နေလိမ့်မယ်လို့ မထင်ခဲ့မိဘူး"
ပိုင်ဟောင် လိပ်ပြာမလုံစွာ ​ဆိုလိုက်သည်။

ဖေးစစ်ရန်က ရက်စက်ကြမ်းကြုတ်တဲ့လူတစ်ယောက်ဖြစ်နေပေမဲ့လည်း အခုချိန်က တစ်ဖက်ရန်သူကို ပြန်တိုက်ခိုက်ဖို့ မဖြစ်နိုင်သေး..

ဖေးစစ်ရန် မျက်စောင့်ထိုးက အဆောက်အဉီးကို ကြည့်တော့ ရန်သူတွေ မရိှတော့သည်ကို သတိထားမိသည်။

ကူညီပေးမဲ့ ပိုင်ဟောင် ရောက်လာတာကို တွေ့ကာ သူတို့ ထောင်ချောက်ဆင်ဖမ်းဆီးမှုကျရှုံးသွားသည်ကို လက်ခံ၍ ထွက်သွားကြခြင်းပင်။

"သူတို့ကို ထောင်ချောက်ဆင်ဖမ်းဖို့ လူလွှတ်လိုက်ရမလား"
ပိုင်ဟောင် ပြင်းထန်သောအသက်ရှူသံအား အတတ်နိုင်ဆုံးထိန်းချုပ်ထားရင်း ဂရုပြုကာ မေးလိုက်သည်။

"မလိုဘူး... ငါတို့နှစ်ယောက်လုံး ရန်သူတွေကဘယ်သူဆိတာရော ဒီကောင်တွေက ဘယ်သူ လွှတ်လိုက်တယ်ဆိုတာရော သိနေပြီးသားပဲ"

Rebirth:တစ်ခြားကမ္ဘာမှအချစ်ခံအရုပ်ကောင်လေး(MM Translation)Where stories live. Discover now