Chapter-63(ဇနီးဖြစ်သူ၏ ဝိဉာဉ်)

8.7K 1.3K 21
                                    

Unicode ❤️❤️

ဇနီးဖြစ်သူ၏ ဝိဉာဉ်

"ဖေးစစ်ရန် သူက ဘယ်သူလဲ??"

ကျန်းရှန်က ဖေးစစ်ရန် အင်္ကျီစအား ဆွဲကာ ရှုဝမ်းရှန်အား ခိုးကြည့်ရင်း မေးလိုက်သည်။

"နိမိတ်ဖတ်သူ.."

ဖေးစစ်ရန်က အခြေအား တိုက်ရိုက်ပြောလိုက်ခြင်းမဟုတ်။ ကျွတ်ကျမတတ်ကြည့်နေသော ကျန်းရှန်မျက်လုံး၏ ရှေ့တွင် သူ့ခန္ဓာကိုယ်တစ်ခုလုံးနှင့် ပိတ်လိုက်ကာ မျက်မှောင်ကြုတ်လိုက်သည်။

"ဘာဖြစ်လို့လဲ?"

ကျန်းရှန်က ရှုဝမ်းရှန်ရဲ့ မျက်နှာကို မမြင်ရတော့တာကြောင့် စိတ်ညစ်လာပြီး.. ဖေးစစ်ရန်ရဲ့ ကျောကို ထုကာ သူ့လမ်းကြောင်းမှ ဖယ်စေသည်။

ဖေးစစ်ရန် အနဲငယ်တော့ မပျော်မရွှင်ဖြစ်သွားသည်။ မိနစ်ပိုင်းလောက်ကမှ သူ့ကို လက်ထပ်မည်ဟု ပြောထားသော လူတစ်ယောက်သည် အခုတော့ တခြား ခပ်ချောချော လူတစ်ယောက်အား ငမ်းနေသည်။

"အာ.. သိပြီ.. ကြည့်ရတာ မင်းရဲ့ အကြွေးတွေကို မင်းကိုယ်တိုင် ပြန်ဆပ်ချင်နေတဲ့ပုံပဲ"

ဖေးစစ်ရန် အေးတိအေးစက်ဖြင့် ပြောလိုက်ပြီးနောက် အနောက်သို့လှည့်ကာ ကျန်းရှန်အား ကြောက်စရာကောင်းသော အကြည့်ဖြင့် စိုက်ကြည့်နေသည်။

ဖေးစစ်ရန်ရဲ့ ရည်ရွယ်ချက်အား ရိပ်မိနိုင်သည်အထိ ကျန်းရှန် ပါးနပ်လာသည်။

"ဟားဟား... ရေအရမ်းဆာလိုက်တာနော်..  ရေတစ်ခွက်လောက်သွားသောက်လိုက်အုံးမယ်. ခင်ဗျားတို့ ကိုယ့်ဘာသာကိုယ် စကားဝိုင်းစလို့ရပြီနော်"
ချက်ချင်းပင် ကျန်းရှန် အမြန်ထွက်ပြေးသွားတော့သည်။

'အဝေးကိုထွက်ပြေးလို့ လွတ်မယ်ထင်နေတာလား.. အသေးလေး..  မင်းပြန်လာမှ ငါမင်းကို ဆုံးမပေးရမယ်'

စိတ်ထဲတွင်သာ တွေးနေသော်လည်း တကယ်တမ်း ကျန်းရှန်ကို စိတ်ပူမိတာကြောင့် အဘိုးကြီးအား စေခိုင်းလိုက်သည်။

"သူ့ကို သေချာစောင့်ကြည့်ထားပေးပါ.. အဝေးကို လျှောက်မပြေးစေနဲ့"

Rebirth:တစ်ခြားကမ္ဘာမှအချစ်ခံအရုပ်ကောင်လေး(MM Translation)Onde histórias criam vida. Descubra agora