Unicode ❤️❤️
မြူဆွယ်ခြင်း
"ဟားဟားဟား.. ကျွန်တော်က ရယ်စရာကောင်းနေလို့မလား" ကျန်းရှန်က သူ့ခေါင်းသူ ပွတ်သပ်ရင်း မေးလိုက်သည်။
ဖေးစစ်ရန် ပြောလိုက်တဲ့စကားရဲ့ နောက်ကွယ်မှ အရာအား သူဘယ်လိုမှ မတွေးတတ်ပေ။
"မင်းကလား?"
ဖေးစစ်ရန်က ရုတ်တရက် ပျော်ရွှင်မှုတို့ပြည့်နှက်နေသည့်မျက်နှာဖြင့် မေးလိုက်ရင်း သူ့ရဲ့ လက်ချောင်းတို့သည်လည်း ကျန်းရှန်ရဲ့ ပါးမို့မို့ထက်သို့ နူးညံ့ငြင်သာစွာ ပွတ်ဆွဲလိူက်ပြီး သူ့မျက်နှာထက်မှ အစိတ်အပိုင်းတို့အား ရေးဆွဲလိုက်သည်။သူ့မျက်ဝန်းထဲတွင်တော့ နူးညံ့မှုအပြည့် ရိှနေသည်။
'ဘုရား! သူဘာလို့ ရုတ်တရက်ကြီး နူးညံ့သွားရတာလဲ? အဲ့တာကမှ တကယ်ကြက်သီးထဖို့ကောင်းတာ'
ကျန်းရှန် ဆိုးဝါးစွာခံစားလိုက်ရပြီး ဖေးစစ်ရန်အား ခုခံရန် အနေအထားပြင်လိုက်သည်။
ဖေးစစ်ရန်က ရုတ်တရက် ရင်းနှီးဖော်ရွေသည့်ပုံစံမျိုး ပြုမူလာတာကြောင့် ကျန်းရှန်အတွက်တော့ နေသားမကျသေးပေ။
သို့သော်လည်း သူ့ကို ဖေးစစ်ရန် နမ်းရှိုက်တာကိုတော့ လက်မခံနိုင်သေးပေ။
"ခင်ဗျား ကျွန်တော်မျက်နှာကို ရုတ်တရက် ထိတွေ့တာ ရပ်ပေးပါလား.. ဖေးစစ်ရန်?"
ကျန်းရှန်က ဖေးစစ်ရန်ရဲ့ လက်ကို ရှောင်ဖယ်ကာ သတိပေးလိုက်သည်။
"ကိုယ်မင်းကို ထိတွေ့တာမျိုး မကြိုက်လို့လား"
ဖေးစစ်ရန်က ရပ်တန့်ခြင်းမရိှ; ကျန်းရှန်ရဲ့ ဆံပင်အား ဆွဲဖွလိုက်ပြီးနောက် သူ့အား အနမ်းတစ်ပွင့်ပေးလိုက်သည်။
'ဘာ? သူက နောက်တစ်ဆင့်တောင် ထပ်တက်နေတာလား? သူ့အမူအရာတေံက နဲနဲပိုလွန်းတယ်လို့ သူ့ကိုယ်သူ မထင်မိဘူးလား'
"ကြိုက်တာမကြိုက်တာက ပြဿနာမဟုတ်ဘူး.. ကျွန်တော်က ကျန်းရှောင်မှမဟုတ်တာ.. ဒါကို ခင်ဗျား သိပါတယ် ဟုတ်တယ်မလား"
'ခနနေအုံး.. ကြည့်ရတာ ငါ့အကြောင်းအမှန်ကို သိပြီဆိုတော့ ဘာမှဆက်လုပ်စရာအကြောင်းမရိှတော့ဘူး.. ရိုးရိုးရှင်းရှင်းလေးပါပဲ.. ငါက သူ့ဇနီးနဲ့ တူနေလို့ပဲလေ'
KAMU SEDANG MEMBACA
Rebirth:တစ်ခြားကမ္ဘာမှအချစ်ခံအရုပ်ကောင်လေး(MM Translation)
Vampirကျန်းရှန်က အဆောက်အဉီးအမြင့်ကနေ ပြုတ်ကျသွားခဲ့တယ် သူ့ကိုယ်သူသေမယ်လို့ထင်နေပေမဲ့ တကယ်တမ်းသူ့ဂိဉာဉ်က တခြားကမ္ဘာတစ်ခုကို အချိန်ခရီးထွက်သွားတယ်။ ဒီထပ်ပိုပြီး အံ့သြစရာကောင်းတာက သူက ကလေးမွေးဖွားရမဲ့ လူတစ်ယောက်ရဲ့ကိုယ်ထဲ ရောက်သွားတာပဲ.... "သောက်ကျိုးနဲ.. င...
